Connect with us

Hi, what are you looking for?

သတင်း

စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမရှိစေရေး တားဆီးတွန်းလှန်ကြရန် ချင်းတပ်ပေါင်းစု CJDCတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုး ပမ်းမှုတွင် ပါဝင်ဆောင်ရွက်သည့် Non-CDMers များကို CJDC အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားမည်ဟုလည်း သတိပေးခဲ့သည်။

စစ်အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန် ကြိုးပမ်းမှုတွင်ပါဝင်နေသည့် Non-CDMers များကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး
စစ်အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန် ကြိုးပမ်းမှုတွင်ပါဝင်နေသည့် Non-CDMers များကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

စစ်အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန် ကြိုးပမ်းမှုတွင်ပါဝင်နေသည့် Non-CDMers များကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

ချင်းပြည်ထောင်တစ်ဝှမ်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိစေရေးအတွက် တားဆီးတွန်းလှန်ကြရန် ချင်းလက်နက်ကိုင်တပ်ဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)က ယနေ့ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ထို့ပြင် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များကဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန်လည်း CJDCက တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုး ပမ်းမှုတွင် ပါဝင်ဆောင်ရွက်သည့် Non-CDMers များကို CJDC အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားမည်ဟုလည်း သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်အာဏာသိမ်းယူရန်ကြိုးပမ်းနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ဇွန်လအတွင်း တစ်နိုင်လုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေသည့်အပေါ် CJDCက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောင်းဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်မှုသည် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်သည်ဟု နိုင်ငံတကာအားပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုးစားမှုသာဖြစ်ကြောင်း ဖော်ပြထားသည်။

CJDCတွင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ၊ ဒေသအသီးသီးရှိ ချင်းကာကွယ်ရေးတပ်(CDF) များအပါအဝင် ချင်းပြည်ရှိ လက်နက်ကိုင်တပ်ဖွဲ့ ၁၈ဖွဲ့စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၉၁ မြို့ရှိ

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတို့ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေကို စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ သူတို့ရဲ့ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းသာဖြစ်ပြီး စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်နေမယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့ရွာများကို စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ၎င်းတို့၏ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နေဟု အသိပေးသည်။

သတင်း

စစ်ကောင်စီကိုဖျက်သိမ်းပြီး ယာယီသမ္မတအဖြစ်တာဝန်ယူထားတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့မြို့နယ်​တွေနဲ့ တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့ မြို့နယ်​တွေထဲက ၆၃ မြို့နယ်မှာစစ်အုပ်ချုပ်ရေးအမိန့် သုံးလကြေညာပြန်ပါတယ်။

Facebook