Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အကျအဆုံးများပြီး စစ်ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ကရင်နီ(ကယား)ပြည်နယ်၊ဖရူဆိုမြို့နယ် ထားလဲနဲ့ နန်းဖဲ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးသူများ ပြားပြီး စစ်ကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယနေ့(ဇွန် ၂ ရက်)တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီတပ်မတော် (KA) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲမှာ ပြင်းထန်ခဲ့ကာ စစ်ကောင်စီက လေကြောင်းပစ်ကူရယူခဲ့ရသည်ဟု ဆိုသည်။

ဖရူဆိုမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အကျအဆုံးများပြီး စစ်ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ
ဖရူဆိုမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အကျအဆုံးများပြီး စစ်ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ

“မနေ့ကထဲက ထားလဲမှာ တစ်နေကုန် တိုက်ပွဲဖြစ်တာ။အဲဒီကနေ ရန်သူက ဘောလခဲ နန်းဖဲဘက်ကို ဆက်တိုးလာတဲ့အချိန် ဒီနေ့ တိုက်ပွဲက ပိုပြင်းထန်ခဲ့တာ။ညနေ ၄ နာရီလောက်မှာ လေယာဥ်နဲ့ ဗုံးလာကြဲတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို သက်ဆိုင်ရာတပ်ရင်းများ​က ထုတ်ပြန်မည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်လ (မေ ၇ ရက်)ကလည်း ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာတွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း (၄)အပါအဝင် ကရင်နီတပ်မတော်မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားငါးစီးထက်မနည်းပျက်စီးပြီး သေဆုံးသူ ၄၀ ခန့်ရှိခဲ့သည်။

ဖရူဆိုမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အကျအဆုံးများပြီး စစ်ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ
ဖရူဆိုမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် အကျအဆုံးများပြီး စစ်ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ယနေ့ နံနက်ပိုင်းကပင် လွိုင်ကော်မြို့ အရှေ့ခြမ်းတွင် ခလရ (၅၃၀)မှ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF B – 14 က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် မေလနောက်ဆုံးပတ်အတွင်း ထိတွေ့တိုက်ပွဲ ခုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးကာ KNDF ရဲဘော်တစ်ဦးနှင့် (၁၀၀၈)ခြေလျင်တပ်ရင်း ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။