Connect with us

Hi, what are you looking for?

သတင်း

ကျောမြို့မှ ဂန့်ဂေါသို့လာသည့် စစ်​ကောင်စီတပ်ယာဉ်တန်းနှင့် စစ်ကူယာဉ်တန်းကို တိုက်ခိုက်ရာသေဆုံးထိခိုက်များဟု YDF ထုတ်ပြန်

စစ်​ကောင်စီက​ယော​ဒေသတိုက်ပွဲတွင်စစ်သားများ​သေဆုံးမှုကိုမထုတ်ပြန်​ပေ။စစ်​ကောင်စီက တိုက်ပွဲများတွင် စစ်သားများ​သေဆုံးထိခိုက်ပြီး အထိနာလျှင်ထုတ်ပြန်​လေ့လည်းမရှိ​ပေ။

(​ယော​​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ် ။ ဓါတ်ပုံ-YDF)
(​ယော​​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ် ။ ဓါတ်ပုံ-YDF)

●စစ်ကောင်စီတပ်မှသေဆုံးသူ ၃၀ ခန့်ရှိနိုင်ပြီး အရာရှိ ပါဝင်နိုင်ဟု ဖော်ပြထား

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောမြို့မှ ဂန့်ဂေါသို့ ဦးတည်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို ဇွန်လ ၂ရက် မနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ပြီး စစ်ကူလာသည့် ယာဉ်တန်းကိုလည်း ထပ်မံတိုက်ခိုက်ရာ အရာရှိ အပါအဝင် အများအပြားသေဆုံးနိုင်သည်ဟုယောဒေသကာကွယ်ရေးတပ်(YDF)က သတင်းထုတ်ပြန်သည်။

ကျောမြို့ ကာကွယ်​ရေးပစ္စည်းစက်ရုံ-ကပစ (၂၃)မှဂန့်ဂေါမြို့သို့ ဦးတည်ချီတက်လာသည့် စစ်ယာဉ်တန်းကို ဇွန်လ ၂ရက် နံနက် ၈နာရီတွင် ပုံညာတောင်တန်းအဆင်း၌ YDF တပ်ရင်း(၁၃) မှ စစ်ကြောင်းမှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များက မိုင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ရာစစ်ကောင်စီ ယာဉ်တန်းမှ နောက်ဆုံး (၂) စီး ပျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား (၁၀) ဦး ကျော် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် စစ်ကူလာသည့် စစ်ကောင်စီတပ်မှ ကား ၄စီးကို လည်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ဖြန့်ခွဲနေရာမယူခင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့ကြောင်း YDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ အပြီးတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဖြင့် စစ်ကောင်စီဘက်မှ အလောင်းတစ်လောင်းအား အားချင်း သယ်ယူသွားကြောင်း တွေ့ရှိရသဖြင့် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးထက် မနိမ့်သော အဆင့်မြင့်အရာရှိတစ်ဦး သေဆုံးသွားကြောင်း YDFက သုံးသပ်ပြီး ကျန်တပ်သားများကို ရေမျက်နီရွာတွင် သင်္ဂြိုလ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို​ကြောင့်တိုက်ပွဲ ၂ ခုအတွင်း စစ်ကောင်စီတပ်မှ ၃၀ကျော် သေဆုံးနိုင်ပြီး YDF ဘက်မှ ထိခိုက်မှုမရှိဟုYDFက ထုတ်ပြန်သည်။သို့​သော် စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

စစ်​ကောင်စီက​ယော​ဒေသတိုက်ပွဲတွင်စစ်သားများ​သေဆုံးမှုကိုမထုတ်ပြန်​ပေ။စစ်​ကောင်စီက တိုက်ပွဲများတွင် စစ်သားများ​သေဆုံးထိခိုက်ပြီး အထိနာလျှင်ထုတ်ပြန်​လေ့လည်းမရှိ​ပေ။

ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကလည်း ယနေ့မနက် ၉နာရီခွဲခန့်တွင် ကျောမြို့ ကပစမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို​ကြောင့်ထိုယာဥ်တန်းသည်တစ်ရက်တည်း ထီးလင်း PDF နှင့် ထီးလင်းYDF ၏တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook