Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပိုက်ဆံနဲ့ဖုန်းလုပြီးဆိုင်ကယ်နဲ့ထွက်ပြေးသူကို ကားနဲ့တိုက်ဖမ်း

ယာဉ်တိုက်မှုအတွက်သွားရောက်ချိန် လုယက်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးလာတာကိုတွေ့ရတဲ့အတွက် ကားနဲ့တိုက်ပြီးဖမ်းပေးလိုက်တာလို့ သိရပါတယ်။

မန္တလေးမှာ ပိုက်ဆံနဲ့ဖုန်းလုပြီးဆိုင်ကယ်နဲ့ထွက်ပြေးသူကို ကားနဲ့တိုက်ဖမ်း
မန္တလေးမှာ ပိုက်ဆံနဲ့ဖုန်းလုပြီးဆိုင်ကယ်နဲ့ထွက်ပြေးသူကို ကားနဲ့တိုက်ဖမ်း

ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်က မန္တလေး မြရည်နန္ဒအိမ်ရာအနီးမှာ လူငယ်တစ်ဦးထံကနေ ပိုက်ဆံနဲ့ဖုန်းလုပြီး ဆိုင်ကယ်မောင်းပြေးသွားတဲ့သူကို လူမှုကူညီရေးကားနဲ့ တိုက်ပြီးဖမ်းပေးခဲ့ရတယ်လို့ မြရည်နန္ဒာလူမှုကူညီရေးအသင်းက ထုတ်ပြန်အသိပေးထားပါတယ်။

ယာဉ်တိုက်မှုအတွက်သွားရောက်ချိန် လုယက်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးလာတာကိုတွေ့ရတဲ့အတွက် ကားနဲ့တိုက်ပြီးဖမ်းပေးလိုက်တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် လူမှုကူညီရေးအသင်းကားရဲ့အရှေ့ခြမ်းပျက်ဆီးသွားပါတယ်။ ဒါအပြင် လုယက်သူကိုဖမ်းမိချိန်မှာ ဝင်ရောက်ရိုက်နှက်တာတွေရှိလို့ လုယက်သူကိုကာကွယ်ပေးရင်း လူမှုကူညီရေးအသင်းဥက္ကဋ္ဌပါ ဒဏ်ရာရသွားတယ်လို့ မြရည်နန္ဒာလူမှုကူညီရေးအသင်းက ဆိုထားပါတယ်။

လုယက်သူမှာဓားပါလာတာကြောင့် ပြည်သူတွေအနေနဲ့လည်း သတိထားကြဖို့ သတိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လုယက်မှု ၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။ လုယက်မှုတစ်မှုမှာတော့ လုယက်သူက ဓားနဲ့ထိုးသွားလို့ ဆိုင်ကယ်ပိုင်ရှင် လူငယ်တစ်ဦး ဓားဒဏ်ရာနဲ့သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။