Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ချက်အ​ပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ပြင်သစ်ထုတ်ပြန်

“တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

ဦးဂျင်မီ
ဦးဂျင်မီ

▪️စစ်ကောင်စီ၏ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်ထောက်ခံမည်ဟုဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို စစ်ကောင်စီက ကွပ်မျက်ရန်ဆုံးဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

“တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

စစ်ကောင်စီ၏ သေဒဏ်ပေးမှုသည် ရက်စက်ကြမ်း ကြုတ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူများကို နောက်တစ်ကြိမ် ထပ်မံပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း သေဒဏ်ပေးဆောင်မှုနှင့်ပတ်သက်၍ အနှစ်သုံးဆယ်ကျော် ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်ခြင်းသည် ကြီးမား သောဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းမှုရလဒ်ကြောင့် နိုင်ထက်စီးနင်း ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်၊ စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များ ဖေါ်ဆောင်ရန် တောင်းဆိုချက်များကို ပြင်သစ်က ထပ်လောင်းအတည်ပြုသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် စစ်ခုံရုံးများက သေဒဏ် ၁၁၃မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။

သတင်း

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးခဲ့ကြတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆက်လက်ပြီး စုစုစည်းစည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများတွင် ပင်စင်ရံပုံငွေအဖွဲစည်းက ရင်းနှီးမြှပ်နှံမှုမရှိစေရန် ဆောင်ရွက်ရမည်ဟုလည်းတိုက်တွန်းထားသည်။

နိုင်ငံတကာ

ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အဲဒီ သံချပ်ကာ ယာဉ်တွေဟာ လက်နက်ငယ် ပစ်ခတ်မှုတွေကနေ ခြေလျင် တပ်ဖွဲ့ဝင်တွေကို အကာအကွယ် ပေးနိုင်ဖို့ အဓိက တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။