Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ချက်အ​ပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ပြင်သစ်ထုတ်ပြန်

“တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

ဦးဂျင်မီ
ဦးဂျင်မီ

▪️စစ်ကောင်စီ၏ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်ထောက်ခံမည်ဟုဆို

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ်လေးဦးကို စစ်ကောင်စီက ကွပ်မျက်ရန်ဆုံးဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

“တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ဖော်ပြသည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

စစ်ကောင်စီ၏ သေဒဏ်ပေးမှုသည် ရက်စက်ကြမ်း ကြုတ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူများကို နောက်တစ်ကြိမ် ထပ်မံပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း သေဒဏ်ပေးဆောင်မှုနှင့်ပတ်သက်၍ အနှစ်သုံးဆယ်ကျော် ဆိုင်းငံ့ထားမှုကို ဖောက်ဖျက်ခြင်းသည် ကြီးမား သောဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာသိမ်းမှုရလဒ်ကြောင့် နိုင်ထက်စီးနင်း ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်၊ စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များ ဖေါ်ဆောင်ရန် တောင်းဆိုချက်များကို ပြင်သစ်က ထပ်လောင်းအတည်ပြုသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် စစ်ခုံရုံးများက သေဒဏ် ၁၁၃မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။