Connect with us

Hi, what are you looking for?

သတင်း

ဝီယော်တပ်စခန်းကို KNLA/PDFပူးပေါင်းတပ် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်

ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

(သထုံ PDFမှ ရဲဘော်များကို ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(သထုံ PDFမှ ရဲဘော်များကို ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ရှိ စစ်ကောင်စီ၏ဝီယော်စခန်းအား ကရင်အမျိုးသားအစည်း အရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံ PDFက သတင်းထုတ်ပြန်သည်။

ဇွန်လ ၅ရက် ညနေ ၅နာရီအချိန်တွင် ဝီယော်စခန်းကို KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ တပ်မဟာ(၁) PDFပူးပေါင်းအဖွဲ့၊ သထုံ PDF၊ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့မှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးလက်နက်ငယ်များဖြင့်သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်အကျဆုံးများနိုင်ပြီး အတိကျမသိရသေးကြောင်း ထုတ်ပြန်ထားသည်။

ဇွန်လ ၁ရက်က စစ်ကောင်စီ၏ ဝီယော်စခန်းမှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာတွင် KNLA/PDF ပူးပေါင်းတပ်က ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်မလွှတ်ပေးပါက ထုံးဘိုကြီးနှင့်ထုံးဘိုလေး ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook