Connect with us

Hi, what are you looking for?

သတင်း

ကလေးသူငယ် ၅ သန်းအပါအဝင် မြန်မာပြည်သူ ၁၄.၄ သန်း လူသားချင်းစာနာမှုအကူအညီလိုအပ်နေဟု UNICEF ထုတ်ပြန်

မြန်မာနိုင်ငံရှိ ကလေးသူငယ် ၁ သန်းသည် ကူးစက်နိုင်သော ရောဂါကာကွယ်ဆေး ထိုးနှံရခြင်းမရှိသေးဘဲ ၂၀၂၁ နှစ်ဆန်းမှစတင်ကာ ကလေးငယ် ၃ သန်းသည် ဘေးကင်းသောရေထောက်ပံ့မှု မရရှိသေးပေ။

မြန်မာနိုင်ငံတွင် လူ့အခွင့်အ​ရေးနှင့်လူသားချင်စာနာမှုဆိုင်ရာ အကျပ်အတည်း ကိုအဆိုးရွားဆုံးကြုံ​တွေ့​နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အ​ရေးနှင့်လူသားချင်စာနာမှုဆိုင်ရာ အကျပ်အတည်း ကိုအဆိုးရွားဆုံးကြုံ​တွေ့​နေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် ၅ သန်းအပါအဝင်မြန်မာပြည်သူ ၁၄.၄ သန်းခန့်သည် လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်းUNICEFကထုတ်ပြန်သည်။

နိုင်ငံရေးအကျပ်အတည်းအပါအဝင်ပဋိပက္ခနှင့်အကြမ်းဖက်မှုမြင့်တက်လာမှု၊ ဖြစ်ပွားနေဆဲ COVID-19 ကပ်ရောဂါ၊ သဘာ၀ဘေး၊ ဆင်းရဲမွဲတေမှုမြင့်တက်လာခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှု များပြိုလဲခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် မကြုံစဖူး လူသားချင်းစာနာမှုနှင့် လူ့အခွင့် အရေးအကျပ်အတည်း တွေ့ကြုံနေရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

UNICEF
UNICEF

အဆိုပါ ဆက်စပ်ဘေးအန္တရာယ်များကနိုင်ငံတဝန်းရှိကလေးငယ်များအသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးမှုနှင့်သုခချမ်းသာတို့ကို ခြိမ်းခြောက်နေပြီး ရိုဟင်ဂျာများ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် ရေးအတွက် ရခိုင်ပြည်နယ်ရှိအခြေအနေများကိုပိုမိုဆိုးရွားစေကြောင်း UNICEF ကသုံးသပ်သည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ် ၁ သန်းသည် ကူးစက်နိုင်သော ရောဂါကာကွယ်ဆေး ထိုးနှံရခြင်းမရှိသေးဘဲ ၂၀၂၁ နှစ်ဆန်းမှစတင်ကာ ကလေးငယ် ၃ သန်းသည် ဘေးကင်းသောရေထောက်ပံ့မှု မရရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် ကလေးသူငယ် ၁၂ သန်းကျော်သည် တစ်နှစ်ကျော်ကြာစနစ်တကျပညာရေးဝန်ဆောင်မှုများကိုသင်ယူခွင့်မရရှိခဲ့ပေ။

UNICEF ၏ လူသားချင်းစာနာမှုဆိုင်ရာ မဟာဗျူဟာသည် အသက်ကယ်ရေးလူသားချင်းစာနာမှု အကူအညီပေးရေး၊ အရေးကြီးသောဝန်ဆောင်မှုများ အဆက်မပြတ်ရေးနှင့် ဒေသတွင်းစွမ်းရည် အားကောင်းရန် ရေရှည်ဖြေရှင်းမှုမြှင့်တင်ရန်တို့ကို အလေးပေးဆောင်ရွက်နေသည်ဟု ဆိုသည်။

၂၀၂၂ အတွက် မြန်မာနိုင်ငံရှိကလေးသူငယ်များ၏ဘက်ပေါင်းစုံလူသားချင်းစာနာမှုလိုအပ်ချက်ကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အမေရိကန်ဒေါ်လာ ၁၅၁.၄ သန်း လိုအပ်နေကြောင်း UNICEF က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီရဲ့​ရွေး​ကောက်ပွဲအ​ပေါ်အမေရိကန် အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ပြောကြား