Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ဖိအားတိုးမပေးရင် ကွပ်မျက်တာတွေဖြစ်လာနိုင်တယ်လို့ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွေသတိပေး

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် နဲ့ အမျိုးသား ၂ ဦးရဲ့ သေဒဏ်ကို အတည်ပြုပြီးကွပ်မျက် ဖို့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလာတာပါ။

Thomas Andrews
Thomas Andrews

အာဏာသိမ်းမြန်မာစစ်ကောင်စီဟာ သေဒဏ်ကိုအကောင်အထည်ဖော်လာနိုင်တယ်လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၂ ဦးက သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအထူးကိုယ်စားလှယ်Morris Tidball Binz တို့က သတိပေးလိုက်တာလို့ကုလသမဂ္ဂက ဒီနေ့မှာထုတ်ပြန်တာပါ။

Morris Tidball Binz
Morris Tidball Binz

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီအပေါ် ဖိအားပြင်းပြင်းထန်ထန်မပေးရင် ကွပ်မျက်တာတွေကို မြင်တွေ့ရလာနိုင်တယ်လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၂ ဦးက သတိပေးပါတယ်။

ဒါကြောင့် နိုင်ငံတကာနဲ့ အထူးသဖြင့်တော့ ကုသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ၊လုံခြုံရေးကောင်စီဟာ စစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အရေးမယူဘဲမနေဘူးဆိုတာကို ပြသရတော့မှာဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားအရေးယူရမယ်လို့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၂ ဦးကတိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ ၂ ဦးရဲ့သတိပေးချက်ထဲမှာ သေဒဏ်ကိုအတည်ပြုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးကို အလေးမထားဘူးဆိုတာ နိုင်ငံတကာကို ပြသလိုက်တာပဲလို့ ထောက်ပြထားပါသေးတယ်။

ဒါအပြင် မြန်မာပြည်သူလူထုကြားထဲကိုအကြောက်တရားရိုက်သွင်းတာလို့လည်း သူတို့ ၂ ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီNLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် နဲ့ အမျိုးသား ၂ ဦးရဲ့ သေဒဏ်ကို အတည်ပြုပြီးကွပ်မျက် ဖို့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလာတာပါ။

ဒီလုပ်ရပ်ကို အမေရိကန်၊ ပြင်သစ် ၊ကနေဒါ စတဲ့နိုင်ငံတွေအပါအဝင် ကုလသမဂ္ဂကလည်း ဝေဖန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။