Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် မီးလောင်သည်ကိုထွက်ကြည့်သည့်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောအမျိုးသမီးမှာ တန့်ဆည် အ.ထ.က (၁)၏ မြောက်ဘက်နားတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တန့်ဆည်မြို့ရှိ ဘုရားတိုက်တန်းများ မီး​လောင်မှုဖြစ်​နေစဥ်
တန့်ဆည်မြို့ရှိ ဘုရားတိုက်တန်းများ မီး​လောင်မှုဖြစ်​နေစဥ်

တန့်ဆည်မြို့ပေါ်တွင် ဘုရားတိုက်တန်းများမီးလောင်မှုဖြစ်ပွားသည့်အ​ပေါ် လမ်းပေါ်ထွက်ကြည့်သည့် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း Taze Support Organization – TSO အဖွဲ့က ယနေ့ (ဇွန် ၁၁)ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၀)ည ၈ နာရီကျော်က တန့်ဆည်မြို့၊ လမ်းဆုံရွှေကတော်ဘုရားတိုက်တန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကိုလမ်းပေါ်ထွက်ကြည့်ခဲ့သော ၃၂ နှစ်အရွယ် အမျိုး သမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဘုရားကြီးတိုက်တန်းရဲ့နောက်မှာ အ.ထ.က ကျောင်းရှိတယ်။ မီးမြင်တော့ထွက်ကြည့်လို့ပစ်တာနေမယ်”ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောအမျိုးသမီးမှာ တန့်ဆည် အ.ထ.က (၁)၏ မြောက်ဘက်နားတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အခန်းပေါင်း ၃၇ ခန်းရှိသော ဘုရားတိုက်တန်းတွင် ယမန်နေ့ညမီးလောင်မှုကြောင့် အခန်း ၁၀ ခန်းသာကျန်ရှိပြီး လူလေးဦးက ဆိုင်ကယ်များဖြင်လာ၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများက ခန့်မှန်းပြောဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။