Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားမှာ ဖမ်းခံရတဲ့ မြန်မာလုပ်သား သုံးဦး NUG အစိုးရ ရဲ့ ညှိနှိုင်းမှုနဲ့ပြန်လည်လွတ်မြောက်လာ

ဒီလို ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းဟာ ဇွန် ၉ ရက်နေ့က ဒယ်ဂျွန်းမြို့ လဝကဌာနကိုသွားရောက်ပြီး မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာဝန်ခံအရာရှိနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ဆိုထားပါတယ်။

NUG
NUG

တောင် ကိုရီးယားမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဗီဇာမဲ့ မြန်မာနိုင်ငံသားသုံးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာတာဝန်ခံကိုယ်စားလှယ်က ပြည်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ ဒယ်ဂျွန်းမြို့မှာ နေထိုင်လုပ်ကိုင်နေတဲ့ ဗီဇာမဲ့ မြန်မာနိုင်ငံသားသုံးဦးဟာ တရားမဝင်နေထိုင်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ဒါကို ကူညီပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(ကိုရီးယား)ကနေတဆင့် NUG ရဲ့ တောင်ကိုရီးယားဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလို ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းဟာ ဇွန် ၉ ရက်နေ့က ဒယ်ဂျွန်းမြို့ လဝကဌာနကိုသွားရောက်ပြီး မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာဝန်ခံအရာရှိနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာ ဗီဇာမဲ့မြန်မာနိုင်ငံသားတွေကို အတင်းအကြပ်ဖမ်းဆီးထိန်းသိမ်းတာနဲ့ ပြန်ပို့တာတွေမပြုလုပ်ဖို့၊ အထောက်အထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့် ခိုလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ကိုရီးယားရောက် မြန်မာအလုပ်သမားတွေအနေနဲ့ အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF)နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက အသိပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။