စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တွဲကားတစ်စီးအား မဟာ မိတ်များ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence အဖွဲ့က ထုတ်ပြန်သည်။
ယနေ့(ဇွန်လ ၁၂ရက်) နံနက် ၄နာရီခွဲခန့်က စစ်ကိုင်းတပ်မ(၃၃)အထွက်၌ ရပ်ထားသော တွဲကား(၁၂)စီးအနက် တွဲကားတစ်စီးသည် အင်အားအပြည့်တင်ဆောင်လာပြီး မုံရွာမြို့ဘက်သို့ ထွက်လာခဲ့သည်။
အဆိုပါ တွဲကားအား မုံရွာ – မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် ပဒေသာမိုင်း ငါးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူအခြေစိုက် Black Eagle Defence အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဥ်တွင် ကားထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား ကျဆုံးမှုအား ဆက်လက်စုံစမ်းနေဆဲဟု Black Eagle Defence Forceက ပြောသည်။

Public Service Announcement
ပြည်သူ့ရဲဘော်များ တစ်ဦးတစ်ယောက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
အဆိုပါ တိုက်ခိုက်မှုအား မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ စသည့်ညီနောင် မဟာမိတ် (၅)ဖွဲ့ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။
မုံရွာ – မန္တလေးလမ်းမကြီးတစ်လျှောက် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦးနှင့် မုံရွာမြို့အစရှိသည့် မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းများအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏမိုင်းဆွဲ တိုက်ခိုက်နေသည်။


















































