Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါ်လေရဲစခန်းကို KNDOနှင့်ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ကြီးနှင့် လက်နက်ငယ်အချို့ရ

ရဲစခန်းသိမ်းပိုက်မှုနှင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ် မသိရသေးသော်လည်း အင်အားအနည်း ငယ်သာရှိသည့် ဝေါ်လေရဲစခန်းမှ ရဲများသည် စခန်းကို တိုက်ခိုက်ခံရစဉ် စခန်းကို စွန့်ခွာထွက်ပြေးသွားသည်ဟု သိရကြောင်း သတင်းရင်းမြစ်က ပြောသည်။

KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဝေါ်လေမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) နှင့် ပူးပေါင်းတပ်များက ယနေ့နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း ကရင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဝေါ်​လေးမြို့ တစ်​နေရာအား ​တွေ့ရစဥ်
ဝေါ်​လေးမြို့ တစ်​နေရာအား ​တွေ့ရစဥ်

“ဒီမနက် ဝေါ်လေမြို့ရဲစခန်း သူတို့ဝင်သိမ်းတာ လက်နက်ကြီး တစ်လက်နဲ့ လက်နက်ငယ် ၃လက်လားမသိဘူးရတယ်။ ထိခိုက်ကျဆုံးတော့မရှိဘူး။ အသေးစိတ်တော့မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရဲစခန်းသိမ်းပိုက်မှုနှင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ် မသိရသေးသော်လည်း အင်အားအနည်း ငယ်သာရှိသည့် ဝေါ်လေရဲစခန်းမှ ရဲများသည် စခန်းကို တိုက်ခိုက်ခံရစဉ် စခန်းကို စွန့်ခွာထွက်ပြေးသွားသည်ဟု သိရကြောင်း သတင်းရင်းမြစ်က ပြောသည်။

KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

အဆိုပါ ရဲစခန်းတိုက်ခိုက်သိမ်းပိုက်မှုကို KNDO အထူးကွန်မန်ဒိုတပ်ရင်းမှ ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့နှင့် ပူးပေါင်းတပ်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဗိုလ်စလုံးနှင့်အဖွဲ့သည် မကြာသေးမီက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ KNDO ဘက်သို့ ကူးပြောင်းလာခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

သတင်း

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။