Connect with us

Hi, what are you looking for?

သတင်း

ဝေါ်လေရဲစခန်းကို KNDOနှင့်ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ကြီးနှင့် လက်နက်ငယ်အချို့ရ

ရဲစခန်းသိမ်းပိုက်မှုနှင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ် မသိရသေးသော်လည်း အင်အားအနည်း ငယ်သာရှိသည့် ဝေါ်လေရဲစခန်းမှ ရဲများသည် စခန်းကို တိုက်ခိုက်ခံရစဉ် စခန်းကို စွန့်ခွာထွက်ပြေးသွားသည်ဟု သိရကြောင်း သတင်းရင်းမြစ်က ပြောသည်။

KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဝေါ်လေမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) နှင့် ပူးပေါင်းတပ်များက ယနေ့နံနက်တွင် သိမ်းပိုက်ခဲ့ကြောင်း ကရင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဝေါ်​လေးမြို့ တစ်​နေရာအား ​တွေ့ရစဥ်
ဝေါ်​လေးမြို့ တစ်​နေရာအား ​တွေ့ရစဥ်

“ဒီမနက် ဝေါ်လေမြို့ရဲစခန်း သူတို့ဝင်သိမ်းတာ လက်နက်ကြီး တစ်လက်နဲ့ လက်နက်ငယ် ၃လက်လားမသိဘူးရတယ်။ ထိခိုက်ကျဆုံးတော့မရှိဘူး။ အသေးစိတ်တော့မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရဲစခန်းသိမ်းပိုက်မှုနှင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ် မသိရသေးသော်လည်း အင်အားအနည်း ငယ်သာရှိသည့် ဝေါ်လေရဲစခန်းမှ ရဲများသည် စခန်းကို တိုက်ခိုက်ခံရစဉ် စခန်းကို စွန့်ခွာထွက်ပြေးသွားသည်ဟု သိရကြောင်း သတင်းရင်းမြစ်က ပြောသည်။

KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
KNDO ဗိုလ်စလုံးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

အဆိုပါ ရဲစခန်းတိုက်ခိုက်သိမ်းပိုက်မှုကို KNDO အထူးကွန်မန်ဒိုတပ်ရင်းမှ ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့နှင့် ပူးပေါင်းတပ်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဗိုလ်စလုံးနှင့်အဖွဲ့သည် မကြာသေးမီက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ KNDO ဘက်သို့ ကူးပြောင်းလာခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။