Connect with us

Hi, what are you looking for?

သတင်း

ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်အား KNLA/PDF ပူးပေါင်းတပ်တိုက်ခိုက် ၊စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(​ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(KNLAတပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-TOKN)
(KNLAတပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ-TOKN)

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်မဟာ(၂)တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KNU တောင်ငူခရိုင်အတွင်း သတင်းများဖော်ပြနေသည့် Taw Oo Karen News က ဖော်ပြသည်။

KNU တောင်ငူခရိုင် တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေရှိ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ စစ်ကောင်စီအခြေစိုက် ခလရ(​ခြေလျင်တပ်ရင်း) ၇၃တပ် နှင့် KNLA ၊ ထန်းတပင် PDF ပူးပေါင်းတပ်တို့ ယမန်နေ့( ဇွန် ၁၂ရက်) ည ၉နာရီခန့်မှစ၍ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီတပ် ၃ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့က ၄၀မမ ဖြင့် ပစ်ခတ်ခဲ့ရာမှစ၍အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း တပ်ဖွဲ့ဝင် တစ်ဦး၏ပြောကြားချက်ကိုလည်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။