Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်အထိနာခဲ့သော ဖရူဆိုမြို့နယ် လေးရက်ကြာတိုက်ပွဲတွင် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများကို KNDFထုတ်ပြန်

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင်
ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း – ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KNDF
KNDF

စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့သော ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ဒေါညေးခူနှင့်ထီးပေါ်ဆိုကျေးရွာအနီး လေးရက်ကြာတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇွန် ၁၄ ရက်) ထုတ်ပြန်ပြသည်။

ထုတ်ပြန်ခဲ့သည့် လက်နက်များအရ စစ်ကောင်စီတပ်မှ အသုံးပြုသည့် လက်နက်ငယ်ရှစ်လက်အပါအဝင် ကျည်ကဒ်များ ၊ဗုံးသီးများ၊နင်းမိုင်းများ အစရှိသည့် စစ်အသုံးဆောင်ပစ္စည်းများ စွာ တွေ့ရသည်။

KNDF
KNDF

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင်
ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း – ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KNDF
KNDF

တိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး တစ်ရက်လျှင် ၃နာရီကျော်ကြာမြင့်ခဲ့ကာ ၎င်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့​ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကရင်နီပူးပေါင်းတပ်မှ မစိုးရိမ်ရသောဒဏ်ရာများရရှိခဲ့ကြောင်းKNDF က ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ ကရင်နီပြည် ဖရူဆိုမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသောကြောင့် ၎င်းနေရာအနီးအနားသို့ သွားလာခြင်းမပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

အထိနာနေသည့် အကြမ်းဖက်စီ​ကောင်စီတပ်များသည် ၎င်းတို့ တပ်စွဲထားသော ဒေါညေခူရွာ ထီးပေါ့ဆိုရွာတွင်းရှိ နေအိမ်များက်ို ​ဖောက်ထွင်းဖျက်စီးပြီး ၊ ခရစ်ယာန်ဘုရား​​ကျောင်းတစ်​ကျာင်း ကိုလည်းလက်နက်ကြီးဖြင့် တိုက်ခိုက်ဖျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။