Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရဲ့စစ်ကား မန္တလေးမှာ ဗုံးနဲ့တိုက်ခိုက်ခံရ

ဒီတိုက်ခိုက်မှုကို Generation Z power ဆိုတဲ့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့က လုပ်ဆောင်တာလို့ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတစ်ရက်အကြာ မန္တလေးမှာ စစ်ကောင်စီယာဉ်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)
အာဏာသိမ်းပြီးတစ်ရက်အကြာ မန္တလေးမှာ စစ်ကောင်စီယာဉ်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)

မန္တလေးမြို့တွင်းမှာ ဒီနေ့ ညနေပိုင်းက စစ်ကားတစ်စီးဗုံးပစ်ခံလိုက်ရပြီး ကားလည်းထိခိုက်သွားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Generation Z power ဆိုတဲ့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့က လုပ်ဆောင်တာလို့ထုတ်ပြန်ထားပါတယ်။

ဒီနေ့ညနေ ၅ နာရီဝန်းကျင်မှာ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းအနီးမှာ စစ်ကားဟာ ဗုံးနဲ့ တိုက်ခိုက်ခံရတာပါ။

အဲဒီစစ်ကားဟာအထက်ပိုင်းတိုက်ပွဲတွေမှာ ဒဏ်ရာရလာတဲ့ စစ်ကောင်စီတပ်သားတွေကိုဆေးကုသဖို့တင်ဆောင်လာတဲ့ကားဖြစ်တယ်လို့ Generation Z power ဆိုတဲ့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ နေ့ခင်းပိုင်းကလည်း မဟာအောင်မြေမြို့နယ် က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ − AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook