Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံတွင်စစ်ကောင်စီထောက်တိုင်သွေးသောက်အဖွဲ့ဝင် နှင့်ပျူခေါင်းဆောင်ဆိုသူသုတ်သင်ခံရ

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။

(​တောင်ဒဂုံမြို့နယ်တွင် စစ်​ကောင်စီလက်ပါး​စေရဲများ စစ်​ဆေးမှုပြုလုပ်​နေသည်ကို ​တွေ့ရစဥ်၊ ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)
(​တောင်ဒဂုံမြို့နယ်တွင် စစ်​ကောင်စီလက်ပါး​စေရဲများ စစ်​ဆေးမှုပြုလုပ်​နေသည်ကို ​တွေ့ရစဥ်၊ ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၆၉) ရပ်ကွက်မှ စစ်ကောင်စီထောက်တိုင် သွေးသောက်အဖွဲ့ဝင်နှင့် ပျူစောထီးခေါင်းဆောင် ဘိုမင်းသူဆိုသူကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Ultimate Revolutionary Movement Team(URMT)က ယနေ့(ဇွန် ၁၅) ထုတ်ပြန်သည်။

ဘိုမင်းသူသည် ဒလန်လမ်းစဥ်အတိုင်း ပြည်သူအပေါ် အနိုင်ကျင့် ရမ်းကားနေသည်ဟု ပြည် သူလူထု၏ တိုင်တန်းမှုကြောင့် သုတ်သင်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“(၇၀) ရပ်ကွက်ထဲမှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ကလေးကျောင်းပို့ပြီးအပြန် နားထင်ကိုတေ့ပြီး ပစ်သွားတာ”ဟု တောင်ဒဂုံမှ သတင်းရင်းမြစ် SDGက ပြော သည်။

ယနေ့နံနက် ၈ နာရီခန့်က တောင်ဒဂုံ (၇၀)ရပ် ကွက် ကျောင်းလမ်းနှင့် အောင်ချမ်းသာ(၂) လမ်းထောင့်တွင် URMT ရဲဘော်များက အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။