Connect with us

Hi, what are you looking for?

သတင်း

ဟားခါးတွင် Non-CDMများ၊ သတင်းပေးများနှင့် စစ်အာဏာရှင်ထောက်ခံသူများကို မြေယာပိုင်ဆိုင်မှုမပေးဘဲ ပြည်လည်သိမ်းယူမည်ဟု CDF သတိ​ပေး

ပြန်လည်သိမ်းယူမည့် သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုလည်း လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားခါး
ဟားခါး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း Non-CDMများ၊ စစ်​ကောင်စီသတင်းပေးများနှင့် စစ်အာဏာရှင်မင်းအောင်လှိုင်ထောက်ခံသူများကို မြေယာပိုင်ဆိုင်မှုပေးမည်မဟုတ်ဘဲ ၎င်းတို့ပိုင်ဆိုင်မှုများကို ပြည်လည်သိမ်းယူမည်ဟု CDF(ဟားခါး)ကောင်စီက ယနေ့ထုတ်ပြန်လိုက်သည်။

ဟားခါးမြို့နယ်အတွင်း မြေယာပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး အများပြည်သူများသိရှိစေရန် Chinland Defense Force –ဟားခါး ကောင်စီ၏ ပထမအစည်း အဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်လည်သိမ်းယူမည့် သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုလည်း လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်အာဏာမသိမ်းမီက မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာတာဝန်ရှိသူနှင့်အဖွဲ့ဝင်များဖြစ်ပါက အိမ်​မြေနေရာတစ်ခုသာ ပိုင်ဆိုင်ခွင့်ရမည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးကာလအတွင်း သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေများကို တရားမဝင် ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် ပေးကမ်းခြင်းတို့ဆောင်ရွက်ခြင်းမပြုရဟုလည်း CDF(ဟားခါး)ကောင်စီက ထုတ်ပြန်သည်။

ဒေသခံများ လုပ်ကိုင်သည့် လယ်မြေ၊ယာမြေ၊ တောင် ယာမြေနှင့် ဥယျာဉ်ခြံမြေများကိုလည်း အမှန်တကယ်လုပ်ကိုင်သည့် မြေများနှင့် ပိုင်ဆိုင်သည့် အထောက် အထားများရှိမှသာ ခွင့်ပြုမည်ဟု ​ဖော်ပြထားသည်။ထိုသို့ မရှိပါက အလိုအလျောက်သိမ်းယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၁ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြေယာ အရောင်း အဝယ်ကိစ္စများကို CDF (ဟားခါး)ကောင်စီထံတင်ပြရမည်ဖြစ်ပြီး မတင်ပြပါက အလိုအလျောက်သိမ်းယူပြီးဖြစ်သည်ဟု သတိ​ပေးထားသည်။

ထို့အပြင် လိုက်နာမှုမရှိသည့် အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များကို ပြင်းပြင်းထန်ထန်အရေးယူဟုလည်း ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

Facebook