Connect with us

Hi, what are you looking for?

သတင်း

ကျိုက်လတ်မြို့နယ်မှ စစ်​ကောင်စီခန့်ရပ်​ကျေးအုပ်ချုပ်​ရေးမှူးကို PDF များပစ်ခတ်ရှင်းလင်း

စစ်​ကောင်စီခန့်​ကျေးရွာအုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

ကျိုက်လတ်မြို့နယ်
ကျိုက်လတ်မြို့နယ်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှုးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က​သေနတ်ဖြင့်ပစ်ခတ်၍ရှင်းလင်းလိုက်​ကြောင်းဖျာပုံခရိုင်ဧရာဗေဒါ တပ်ပေါင်းစုကထုတ်ပြန်သည်။

ကျိုက်လတ်မြို့နယ်၊ တဲ့တဲ့ကူးကျေးရွာ(ဒေသအခေါ် ဒတဲ့ကူးကျေးရွာ)အုပ်ချုပ်ရေးမှူးကို ယမန်နေ့(ဇွန် ၁၅ရက်)ညနေက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်၊တဲ့တဲ့ကူးကျေးရွာအုပ်ချုပ်ရေးမှူးအား ဇွန် ၁၅ရက်ညနေ သုံးနာရီတွင် အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါသည်” ဟု ဖျာပုံခရိုင်ဧရာဗေဒါတပ်ပေါင်းစုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်​ကောင်စီခန့်​ကျေးရွာအုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းတွင် မေလမှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အားတိုက်ခိုက်မှုများ အရှိန်မြင့်လာသည်။

ဇွန်လ ၂ ရက်ကကွင်းကောက်မြို့ရှိစစ်ကောင်စီတပ်၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင်ပင် အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖြိုလှဲခဲ့သည်။

မေလကုန်ပိုင်းကလည်း ဓနုဖြူမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ ဇွန် ၇ရက်ကငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့သည်။ ထိုအတောအတွင်းအင်္ဂပူမြို့တွင်စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှုးကို စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကပစ်ခတ်ရှင်းလင်းစဥ်စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီး ယင်းလူငယ်နှစ်ဦး အသတ်ခံလိုက်ရသည်။

ရန်ကုန်တိုင်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းကိုစစ်ကောင်စီက ယခု​နောက်ပိုင်းတွင် စစ်​ဆေး​ရေးဂိတ်များ၌သဲအိတ်များအထပ်ထပ်ဖြင့် တင်းတင်းကြပ်ကြပ်စစ်ဆေးနေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook