Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGFဂိတ်ကို KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGFဂိတ်
ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGFဂိတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ BGFဂိတ်ကို KNLAနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force – KRFက ထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၆ ရက်)နေ့လည် ၂ နာရီခွဲခန့်တွင် တစ်ကြိမ် ၂ နာရီ ၄၅မိနစ်တွင်တစ်ကြိမ် နှစ်ကြိမ်တိုင် မဲလန် BGF ဂိတ်ကို ကျိုက်ထို KRF၊ ကျိုက်ထို(ပကဖ)နှင့် KNU/KNLA ပူးပေါင်းအဖွဲ့မှ စစ်ရေးပစ်မှတ်သတ်မှတ်၍ နှစ်ကြိမ်တိတိ ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆို သည်။

“စစ်ကောင်စီနဲ့ BGF တွဲပြီး အထိုင်ယူထားတဲ့ဂိတ်။သူတို့ ဂိတ်စခန်းတွေကို အချိန်မရွေးထ တိုက်နိုင်တယ်ဆိုတာ ပြတဲ့ စစ်ဆင်ရေးဖြစ်တယ်ဗျ”ဟု KRF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

တိုက်ခိုက်မှု ဖြစ်စဥ်တွင် ထိခိုက်၊​သေဆုံးစာရင်း အတိ အကျ မသိရှိရသေးဘဲ ဒုတိယအကြိမ် ဖောက်ခွဲပစ်ခတ်မှုအပြီးတွင် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခြင်းခံရသော်လည်း ပူး ပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်တိုက်နယ် ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၉) စခန်းအား KNLAနှင့်PDF ပူးပေါင်းတပ်ဖွဲ့များမှသွားရောက်တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများရှိသည်ဟု သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook