Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

Total ၏ ဒေါ်လာ သန်း ၂၅၀ နှင့်အကျိုးအမြတ်များ စစ်အုပ်စုထံမရောက်ရေး ပြင်သစ် အစိုးရကို ဖိအားပေးရန် တောင်းဆို

လာမည့် ဇူလိုင် ၂၀ တွင် Total စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များစွာကို ပေးခဲ့ရန် ပြင်ဆင်နေရာ ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးမည့် အဓိကနေရာတွင် ရှိနေသည်။

Blood Money
Blood Money

Total ၏ အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် ရှယ်ယာများ အကြမ်းဖက်စစ်အုပ်စုထံ မရောက်ရှိရေးအတွက် ပြင်သစ်အစိုးရကို ဦးတည်ဆန္ဒပြသည့်လှုပ်ရှားမှုတွင် ပါဝင်ပေးရန် Blood Money- သွေးစွန်းငွေက တောင်းဆိုထားသည်။

လာမည့် ဇူလိုင် ၂၀ တွင် Total စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များစွာကို ပေးခဲ့ရန် ပြင်ဆင်နေရာ ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးမည့် အဓိကနေရာတွင် ရှိနေသည်။

“ကလေးငယ်တွေ၊ လူငယ်တွေ၊ မြန်မာပြည်သူအားလုံးကို ထပ်မံသတ်ဖြတ်မယ့် ငွေကြေးတွေ စစ်အုပ်စုဆီမရောက်ဖို့ အားလုံးပါဝင်တားဆီးဖို့ မဖြစ်မနေလို့ပါတယ်” ဟု Blood Money က တိုက်တွန်းသည်။

ပြင်သစ်အစိုးရအနေဖြင့် Total ကို ကင်းလွတ်ခွင့်များမပေးရန်၊ ပြင်သစ်သမ္မတအနေဖြင့် Total က ရာဇဝတ်မှုများကို ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် စသည့် တောင်းဆိုဆန္ဒပြလှုပ်ရှားမှု များတွင် ပါဝင်ရေးတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

Blood Money
Blood Money

ဖေ့ဘုတ်လူမှုကွန်ရက်သာမက Twitter လူမှုကွန်ရက်၌လည်း #2022Jun17Coup#FreezePaymentsToJunta၊ #NoExemption၊ #WhatsHappeningInMyanmar စသည့် Hashtags များဖြင့် ယနေ့(ဇွန် ၁၇ ရက်)တွင် ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုထားသည်။

ထိုအပြင်ဓါတ်ပုံတင်၍၊ လက်မှတ်ထိုး၍ လှုပ်ရှားမှုတွင်ပါဝင်ရန်လည်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။