Connect with us

Hi, what are you looking for?

သတင်း

Total ၏ ဒေါ်လာ သန်း ၂၅၀ နှင့်အကျိုးအမြတ်များ စစ်အုပ်စုထံမရောက်ရေး ပြင်သစ် အစိုးရကို ဖိအားပေးရန် တောင်းဆို

လာမည့် ဇူလိုင် ၂၀ တွင် Total စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များစွာကို ပေးခဲ့ရန် ပြင်ဆင်နေရာ ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးမည့် အဓိကနေရာတွင် ရှိနေသည်။

Blood Money
Blood Money

Total ၏ အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် ရှယ်ယာများ အကြမ်းဖက်စစ်အုပ်စုထံ မရောက်ရှိရေးအတွက် ပြင်သစ်အစိုးရကို ဦးတည်ဆန္ဒပြသည့်လှုပ်ရှားမှုတွင် ပါဝင်ပေးရန် Blood Money- သွေးစွန်းငွေက တောင်းဆိုထားသည်။

လာမည့် ဇူလိုင် ၂၀ တွင် Total စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များစွာကို ပေးခဲ့ရန် ပြင်ဆင်နေရာ ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးမည့် အဓိကနေရာတွင် ရှိနေသည်။

“ကလေးငယ်တွေ၊ လူငယ်တွေ၊ မြန်မာပြည်သူအားလုံးကို ထပ်မံသတ်ဖြတ်မယ့် ငွေကြေးတွေ စစ်အုပ်စုဆီမရောက်ဖို့ အားလုံးပါဝင်တားဆီးဖို့ မဖြစ်မနေလို့ပါတယ်” ဟု Blood Money က တိုက်တွန်းသည်။

ပြင်သစ်အစိုးရအနေဖြင့် Total ကို ကင်းလွတ်ခွင့်များမပေးရန်၊ ပြင်သစ်သမ္မတအနေဖြင့် Total က ရာဇဝတ်မှုများကို ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် စသည့် တောင်းဆိုဆန္ဒပြလှုပ်ရှားမှု များတွင် ပါဝင်ရေးတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

Blood Money
Blood Money

ဖေ့ဘုတ်လူမှုကွန်ရက်သာမက Twitter လူမှုကွန်ရက်၌လည်း #2022Jun17Coup#FreezePaymentsToJunta၊ #NoExemption၊ #WhatsHappeningInMyanmar စသည့် Hashtags များဖြင့် ယနေ့(ဇွန် ၁၇ ရက်)တွင် ပူးပေါင်းပါဝင်ပေးရန် တောင်းဆိုထားသည်။

ထိုအပြင်ဓါတ်ပုံတင်၍၊ လက်မှတ်ထိုး၍ လှုပ်ရှားမှုတွင်ပါဝင်ရန်လည်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။