Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်နေသော ရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ဖယ်ခုံ PDF ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေ

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ (ဇွန် ၁၉ ရက်)နေ့လည် ၁ နာရီခန့်က လွယ်ပေါကျေးရွာနှင့် ဆောင်နန်းခဲရွာကြားတွင် လဟယ်ကျေးရွာ၊မခေခမ်းကျေးရွာနှင့် လွယ်ပေါကျေးရွာတို့မှ ​ဒေသခံပြည်သူများစစ်ရှောင်နေချိန် ကိုင်းရှည် လယ်ယာလက်တွန်းထွန်စက်များနှင့်ပစ္စည်းများကို စစ်ကောင်စီနှင့် PNO တို့က ဒန်ဘာကား သုံးစီးဖြင့် ခိုးယူခဲ့သည်ဟု ဆိုသည်။

(ဒေသခံ ပြည်သူများ၏ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့အား ​တွေ့ရစဥ်)
(ဒေသခံ ပြည်သူများ၏ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့အား ​တွေ့ရစဥ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အရှေ့ကမ်းရှိ စစ်ဘေးရှောင်နေသော ကျေးရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီ နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂)က ယနေ့(ဇွန် ၂၀ ရက်) ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ (ဇွန် ၁၉ ရက်)နေ့လည် ၁ နာရီခန့်က လွယ်ပေါကျေးရွာနှင့် ဆောင်နန်းခဲရွာကြားတွင် လဟယ်ကျေးရွာ၊မခေခမ်းကျေးရွာနှင့် လွယ်ပေါကျေးရွာတို့မှ ​ဒေသခံပြည်သူများစစ်ရှောင်နေချိန် ကိုင်းရှည် လယ်ယာလက်တွန်းထွန်စက်များနှင့်ပစ္စည်းများကို စစ်ကောင်စီနှင့် PNO တို့က ဒန်ဘာကား သုံးစီးဖြင့် ခိုးယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့နောက် စစ်ကောင်စီပူးပေါင်းအဖွဲ့ ညောင်ရွှေမြို့နယ်ဘက်သို့ ပြန်လာရာလမ်းတွင် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ် ပါလာသူ စကစ နှင့် PNO ​ခြောက်ဦးခန့်ထိမှန်ခဲ့ပြီး ​လေးဦးသေဆုံးနိုင်ခြေရှိကာ နှစ်ဦး ဒဏ်ရာပြင်းထန် နိုင်ကြောင်းဖော်ပြသည်။

ဖယ်ခုံ PDF တပ်ရင်း (၂) ရဲဘော်များသည် ရန်သူပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိခင် တပ်ဆုတ်နိုင်ခဲ့သဖြင့်ထိခိုက်မှု့မရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်နှင့် PNOတို့ပူးပေါင်းကာ ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများသို့ မေလ ၁၃ ရက်ကစ၍ စစ်ကြောင်းထိုးနယ် မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ တစ်လကျော် ကာလအတွင်း ကျေးရွာ စစ်ရှောင်ပြည်သူများ၏ နေအိမ်အဆောက်အဦးများမီးရှို့ခံရသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့် ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့သယ်ယူလျှက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook