Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် KIAနှင့် PDFပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ် ၂၀ကျော်သေ

“မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။

(အင်း​တော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - IR)
(အင်း​တော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၌ ပြီးခဲ့သည့် သုံးရက်အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း Indaw Revolutionက ဖော်ပြသည်။

အင်းတော်မြို့နယ် အောင်းကုန်းရွာနှင့် မော်တိတ်ဒေသအနီး တစ်ဝိုက်တွင် ဇွန်လ ၁၈ရက်မှ ၂၀ရက် အတွင်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ကသာခရိုင် တပ်ရင်း(၂)အင်းတော်ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၈ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၂၀ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များက လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ဇွန်လ ၁၈ရက် တိုက်ပွဲဖြစ်စဉ်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးနား ရွာမှ တောထဲရောက်ရှိနေသည့် ကလေး လေးဦးနှင့် လူကြီး တစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ဇွန်လ ၂၀ရက် တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်မှ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

“မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်”ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။

သုံးရက်တာ တိုက်ပွဲ၌ လက်နက်ကြီးကျည်ကြောင့် ရဲဘော်တစ်ဦးသာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်များကို အင်းတော်ရဲစခန်းထဲတွင်ဆေးကုသ ပေးနေကြောင်း သတင်းရရှိထားသည်ဟု Indaw Revolution က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။