Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ပျူနှင့် စစ်သား လေးဦးသေ

ယနေ့ ညနေ ၃နာရီခန့်က Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း – ၁၀ ၊တပ်ရင်း – ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

Guerrilla Warfare -K.P.K တပ်ဖွဲ့
Guerrilla Warfare -K.P.K တပ်ဖွဲ့

တန့်ဆည်မြို့နယ် အင်္ကုက္ကား​ကျေးရွာတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်သားနှင့် ပျူစောထီးများကို PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare -K.P.K တပ်ဖွဲ့မှ ယနေ့(ဇွန် ၂၃) ထုတ်ပြန်သည်။

ယနေ့ ညနေ ၃နာရီခန့်က Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း – ၁၀ ၊တပ်ရင်း – ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန် သည်။

ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည်နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများကို PDF ပူးပေါင်းတပ်ဖွဲ့များသွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။