Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် – ဗန်းမောက်လမ်းပိုင်းအား မနက်ဖြန် နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ

အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

(အင်းတော်ဒေသတွင် စစ်ကောင်စီ ယာဥ်တန်းများ စစ်ကြောင်းများကို ဒေသခံ PDF များက မကြာခဏ တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ - CJ)
(အင်းတော်ဒေသတွင် စစ်ကောင်စီ ယာဥ်တန်းများ စစ်ကြောင်းများကို ဒေသခံ PDF များက မကြာခဏ တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်းရှိ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား မနက်ဖြန် နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ်ကြေညာလိုက်ကြောင်း Indaw Revolutionက ဖော်ပြသည်။

ယနေ့ (ဇွန်လ ၂၄ရက်) နံနက် ၆နာရီမှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ “အင်းတော် – ဗန်းမောက် “ကားလမ်းအား သုံးဘီး ၊ ဆိုင်ကယ် ၊ ကား စသည့် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဖော်ပြထားသည်။

စည်းကမ်းမလိုက်နာပဲ တစ်စုံတစ်ရာဖြတ်ပွားခဲ့ပါက ဒေသကာကွယ်ရေးအဖွဲ့မှ လုံးဝတာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။

အင်တာနက်လိုင်းရသည့်ပြည်သူများ အနေဖြင့် အချင်း ချင်း ဖုန်းဖြင့်သော်လည်းကောင်း အခြားနည်းဖြင့် လည်းကောင်းဆက်သွယ် သတိပေးထားကြရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။