Connect with us

Hi, what are you looking for?

သတင်း

အင်းတော် – ဗန်းမောက်လမ်းပိုင်းအား မနက်ဖြန် နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ

အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

(အင်းတော်ဒေသတွင် စစ်ကောင်စီ ယာဥ်တန်းများ စစ်ကြောင်းများကို ဒေသခံ PDF များက မကြာခဏ တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ - CJ)
(အင်းတော်ဒေသတွင် စစ်ကောင်စီ ယာဥ်တန်းများ စစ်ကြောင်းများကို ဒေသခံ PDF များက မကြာခဏ တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်းရှိ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား မနက်ဖြန် နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ်ကြေညာလိုက်ကြောင်း Indaw Revolutionက ဖော်ပြသည်။

ယနေ့ (ဇွန်လ ၂၄ရက်) နံနက် ၆နာရီမှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ “အင်းတော် – ဗန်းမောက် “ကားလမ်းအား သုံးဘီး ၊ ဆိုင်ကယ် ၊ ကား စသည့် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဖော်ပြထားသည်။

စည်းကမ်းမလိုက်နာပဲ တစ်စုံတစ်ရာဖြတ်ပွားခဲ့ပါက ဒေသကာကွယ်ရေးအဖွဲ့မှ လုံးဝတာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။

အင်တာနက်လိုင်းရသည့်ပြည်သူများ အနေဖြင့် အချင်း ချင်း ဖုန်းဖြင့်သော်လည်းကောင်း အခြားနည်းဖြင့် လည်းကောင်းဆက်သွယ် သတိပေးထားကြရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။