Connect with us

Hi, what are you looking for?

သတင်း

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှပ်မိုင်းနှင့် စစ်လက်နက် ပစ္စည်းများကြောင့် ကလေးငယ် ၁၁၅ ဦးသေဆုံးဒဏ်ရာရဟု ယူနီဆက်ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဗုံးသီးပေါက်ကွဲမှုကြောင့် အသက်ခုနစ်အရွယ် ကလေးနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ယူနီဆက်ကထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

ဓာတ်ပုံ - UNICEF Myanmar/Nyan Zay Htet
ဓာတ်ပုံ - UNICEF Myanmar/Nyan Zay Htet

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးငယ် ၁၁၅ဦး ထိသေဆုံးခဲ့ရကြောင်း ယူနီဆက်မြန်မာက ယနေ့(ဇွန် ၂၄)ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဗုံးသီးပေါက်ကွဲမှုကြောင့် အသက်ခုနစ်အရွယ် ကလေးနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ယူနီဆက်ကထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ယခုနှစ်(၂၀၂၂) ဇန်နဝါရီမှ ဧပြီလအတွင်း၌ပင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက် နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသည့် ကလေးငယ် ၄၇ဦးရှိခဲ့သည်ဟု ဆိုသည်။

“မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း (UXO) များသည် မြန်မာ နိုင်ငံရှိ ကလေးငယ်များစွာကို အသက်ဆုံးရှုံးစေခြင်းနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိပါသည်”ဟု ယူနီဆက်က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ထိခိုက်နစ်နာသူများအတွက် အကူ အညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ(UXO)ကို ရှင်းလင်းကြရန် မေတ္တာရပ်ခံ သက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...