Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီမြို့ အမှတ် (၄)လမ်းနှင့် ပြည်လမ်းဆုံမှ စစ်တပ်ဂိတ်ကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်

အထက်ပါ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိ ခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း မှော်ဘီတော် လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

(ရန်ကုန်မြို့ တစ်​နေရာတွင်တွေ့ရသည့် စစ်ကောင်စီတပ်၏ နှစ်ထပ်ဘန်ကာတစ်ခု။ ။ဓါတ်ပုံ-CJ)
(ရန်ကုန်မြို့ တစ်​နေရာတွင်တွေ့ရသည့် စစ်ကောင်စီတပ်၏ နှစ်ထပ်ဘန်ကာတစ်ခု။ ။ဓါတ်ပုံ-CJ)

မှော်ဘီမြို့နယ် အမှတ် (၄)လမ်းမနှင့် ပြည်လမ်းဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မှော်ဘီတော်လှန် ရေးအင်အားစုက ယနေ့(ဇွန် ၂၇)ထုတ်ပြန် သည်။

ယမန်နေ့(ဇွန် ၂၆)ည ၁၀ နာရီခွဲခန့်တွင် အမှတ် (၄)လမ်းမနှင့် ပြည်လမ်းဆုံရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီးလုံခြုံသည့်နေရာရောက်မှအခြေနေအား ထုတ်ပြန်ရ၍ သတင်းထုတ်ပြန်မှုနောက်ကျရသည်ကို နားလေးပေးကြန်ရန် အသိပေးသည်။

“ပြည်သူကို မည်သည့်နည်းနဲ့မဆို ထိခိုက်အောင်လုပ်တဲ့ ရဲခွေး စစ်ခွေးများကို ရတဲ့နည်းနဲ့ တုန့်ပြန်သွားမှာပါ”ဟု မှော်ဘီတော်လှန်ရေးအင် အားစုမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းတို့ပြောက်ကျားတပ်ဖွဲ့ UGများအနေဖြင့်ပြည်သူထိခိုက်နိုင်မည့်အခြေအနေများကို ရှောင်ရှားပြီးတော်လှန်ရေးလုပ်နေချိန် ယုဇနဥယဥ်မြို့တော်မှ ဖြစ်စဥ်ကဲ့သို့ UG များကို ရလမ်းထဲမှသူမှဖမ်းဆီးပေးသည့်အပေါ် ရင်နာမိကြောင်းလည်းအထက်ပါရဲဘော်ကဆက်ပြောသည်။

“ကျွန်တော်တို့ UG တွေက အမြဲပြည်သူထိမှာစိုးရိမ်စိတ်နဲ့ ကြိုးစားနေကြသူတွေပါ။ ပြည်သူ့အရှေမှာရှိနေမယ့်အသေခံတွေပါဗျာ”ဟု ၎င်းက ​ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိ ခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း မှော်ဘီတော် လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook