Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ KIA ၊PDF ပူးပေါင်းတပ်နှင့်တွေ့၍ နောက်ကြောင်းပြန်ပြေး

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။

အင်းတော်
အင်းတော်

▪️ရဲစခန်းရောက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်​နေ

စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မြို့အနီးဝန်ကျင် လှည့်ကင်းထွက်စဥ် KIA ၊ PDF ပူးပေါင်းတပ်နှင့် လမ်းတွင် သွားဆုံရာ နောက်ကြောင်းပြန်လှည့်ပြေးခဲ့ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)က ယနေ့ (ဇွန် ၂၈)ထုတ်ပြန်သည်။

ယနေ့ နေ့လယ်ပိုင်းက အင်းတော်မြို့အနီး မြစ်ကြီးနား – မန္တလေး ဗျူဟာလမ်းပေါ် စစ်ကောင်စီတပ်လှည့်ကင်းနှင့် PDF ပူးပေါင်းတပ်များ ထိပ်တိုက်တွေ့ဆုံစဥ် စစ်ကောင် စီတပ်များ နောက်ကြောင်းပြန်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အင်းတော်
အင်းတော်

ထို့နောက် နောက်ကြောင်းပြန်လှည့်ပြေးရာ မြို့အဝင်စစ်ဆေးရေးဂိတ်ကိုပါ ပိတ်သိမ်းသွားပြီး အင်းတော်ရဲစခန်းဝင်းရောက်ချိန်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ PDF ၊ KIA တွေနဲ့ စခတွေနဲ့ ကားလမ်းမှာ မတော်တဆဆုံလိုက်တာ။ အဲ့တာ ဟိုကောင်တွေက မြို့ထဲလှည့်ပြေးပြီး ရဲစခန်းကနေ ကြောက်အားလန့်အားနဲ့ ဖောက်နေတာ”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်းတော်
အင်းတော်

အင်းတော်ရဲစခန်းဝင်းမှနေ၍ စစ်ကောင်စီတပ်များပစ်ခတ်သော လက်နက်ကြီးကျည်အချို့မှာ မြို့တောင်ဘက်ရှိ ပျိုးနှုတ်နေသူများအနီး တစ်လုံးကျကာ လယ်ပြင်ရွာဘုန်းတော်ကြီးကျောင်း၊ စွမ်းစားဆောင်အား တစ်လုံးထိမှန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အင်းတော်
အင်းတော်

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။

လက်ရှိတွင် အင်းတော်မြို့ခံများမှာ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် စိုးရိမ်ထိတ်လန့်လျှက်ရှိကြကြောင်း IR Teamက အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။