Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ KIA ၊PDF ပူးပေါင်းတပ်နှင့်တွေ့၍ နောက်ကြောင်းပြန်ပြေး

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။

အင်းတော်
အင်းတော်

▪️ရဲစခန်းရောက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်​နေ

စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မြို့အနီးဝန်ကျင် လှည့်ကင်းထွက်စဥ် KIA ၊ PDF ပူးပေါင်းတပ်နှင့် လမ်းတွင် သွားဆုံရာ နောက်ကြောင်းပြန်လှည့်ပြေးခဲ့ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)က ယနေ့ (ဇွန် ၂၈)ထုတ်ပြန်သည်။

ယနေ့ နေ့လယ်ပိုင်းက အင်းတော်မြို့အနီး မြစ်ကြီးနား – မန္တလေး ဗျူဟာလမ်းပေါ် စစ်ကောင်စီတပ်လှည့်ကင်းနှင့် PDF ပူးပေါင်းတပ်များ ထိပ်တိုက်တွေ့ဆုံစဥ် စစ်ကောင် စီတပ်များ နောက်ကြောင်းပြန်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အင်းတော်
အင်းတော်

ထို့နောက် နောက်ကြောင်းပြန်လှည့်ပြေးရာ မြို့အဝင်စစ်ဆေးရေးဂိတ်ကိုပါ ပိတ်သိမ်းသွားပြီး အင်းတော်ရဲစခန်းဝင်းရောက်ချိန်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ PDF ၊ KIA တွေနဲ့ စခတွေနဲ့ ကားလမ်းမှာ မတော်တဆဆုံလိုက်တာ။ အဲ့တာ ဟိုကောင်တွေက မြို့ထဲလှည့်ပြေးပြီး ရဲစခန်းကနေ ကြောက်အားလန့်အားနဲ့ ဖောက်နေတာ”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်းတော်
အင်းတော်

အင်းတော်ရဲစခန်းဝင်းမှနေ၍ စစ်ကောင်စီတပ်များပစ်ခတ်သော လက်နက်ကြီးကျည်အချို့မှာ မြို့တောင်ဘက်ရှိ ပျိုးနှုတ်နေသူများအနီး တစ်လုံးကျကာ လယ်ပြင်ရွာဘုန်းတော်ကြီးကျောင်း၊ စွမ်းစားဆောင်အား တစ်လုံးထိမှန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အင်းတော်
အင်းတော်

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။

လက်ရှိတွင် အင်းတော်မြို့ခံများမှာ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် စိုးရိမ်ထိတ်လန့်လျှက်ရှိကြကြောင်း IR Teamက အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။