Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိနိုင်တာမဟုတ်ပဲ စစ်ကောင်စီဘန်ကာတွေထားရှိတဲ့ရွာကိုသာ သိမ်းနိုင်သေးတာဖြစ်တယ်လို့ KNDO အထူးကွန်မန်ဒိုထောက်ပို့တစ်ဦးဖြစ်တဲ့ မကေက သူ့ရဲ့လူမှုကွန်ယက်ကနေ အခုလိုပြောပါတယ်။

ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ
ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ

ကရင်ပြည်နယ် ဝေါ်လေမြို့အနီးက ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့မှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှက်ဖက်တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတယ်လို့ ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ကော်တရီမြို့နယ် ဒေါနအရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ခြေကုတ်စခန်းကို KNLA KNDO ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး ဒီကနေ့ ဇွန် ၂၉ ရက်အထိ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့တာပါ။

ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ
ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ

လတ်တလောမှာ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို KNLA KNDO ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ကြိုးစားနေပြီး စစ်ကောင်စီဘက်ကလည်း အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေကာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက်အသုံးပြုနေတယ်လို့လည်း သိရပါတယ်။

“မနက်ကစခုထိ တစ်နေကုန်မနားတမ်း လေကြောင်းတိုက်ခိုက်မှု လုပ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေတယ်။ အကြိမ်ရေတော်တော်များတယ်။ အကြိမ် ၃၀ အထက်ရှိတယ်” လို့ ကော်ဘရာစစ်ကြောင်းရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိနိုင်တာမဟုတ်ပဲ စစ်ကောင်စီဘန်ကာတွေထားရှိတဲ့ရွာကိုသာ သိမ်းနိုင်သေးတာဖြစ်တယ်လို့ KNDO အထူးကွန်မန်ဒိုထောက်ပို့တစ်ဦးဖြစ်တဲ့ မကေက သူ့ရဲ့လူမှုကွန်ယက်ကနေ အခုလိုပြောပါတယ်။

“မနေ့က စခန်းသိမ်းနိုင်တာမဟုတ်ဘူး။ မနေ့တုန်းက ရွာပေ့ါ။ သူတို့ ဘန်ကာတွေထားထားတဲ့ရွာကိုပဲ သိမ်းနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာအခုထပ်သိမ်းရဦးမှာ။ ဒီနေ့ကလည်း မနက် ၃ နာရီကတည်းကနေ တိုက်နေရတာ အခုချိန်ထိမပြီးသေးပါဘူး။ ဒီနေ့ဆိုလို့ရှိရင် တိုက်ပွဲကလေးရက်မြောက်ပါ။ ကျည်ဆံပေါင်း သောင်းပေါင်မြောက်များစွာကုန်နေပါပြီ” လို့ မကေက ပြောပါတယ်။

ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ
ဥကရစ်ထတိုက်ပွဲ လေးရက်မြောက်နေ့ အခြေအနေ

ဥကရစ်ထတပ်စခန်းကို ပူးပေါင်းအဖွဲ့တွေက အလွယ်တကူမသိမ်းပိုက်နိုင်တာဟာ ပထဝီစစ်ရေးအနေအထားနဲ့ စစ်တပ်ရဲ့ တပ်ဖြန့်ခွဲမှုတွေကြောင့် ခက်ခဲတဲ့အနေအထားဖြစ်ပြီး ဒီလိုအခက်အခဲကြားကနေ KNDO ရဲ့စစ်ရေးလုပ်ဆောင်ချက်က ချီးကျူးစရာပဲလို့ CDM ဗိုလ်ကြီးတစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ မှတ်ချက်ရေးသားထားပါတယ်။

“ဥကရစ်ထက သူ့အနားမှာတင် စုကလိ ပွိုင့် ၆၂၆ ဝေါ်လေဗျူဟာကုန်းတို့ တည်ရှိနေတာပါ။ အနီးကစခန်းတွေရဲ့ စစ်ကူပစ်ကူဟာ အချိန်တိုအတွင်း ချက်ချင်းရနိုင်တဲ့ အနေထားပါ။ ပထဝီစစ်ရေးအနေအထားအရကော စစ်တပ်ရဲ့တပ်ဖြန့်ခွဲမှုတွေကြောင့်ရော အခုလောက်ထိ ခက်ခဲတဲ့အနေအထားပါ။ အဲ့လိုအခက်အခဲတွေကြောင့် စခန်းကိုအလွယ်တကူ မသိမ်းနိုင်သေးတာလို့ အကြမ်းဖျဉ်းသုံးသပ်လို့ရပါတယ်။ အခုတိုက်ခိုက်မှုက ဝေါ်လေကတပ်တွေကို တုန်လှုပ်ခြောက်ခြားစေမှာတော့ သေချာပါတယ်” လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ရေးသားထားပါတယ်။

ဥကရစ်ထတိုက်ပွဲရဲ့ လေးရက်မြောက်နေ့မှာတော့ စစ်ကောင်စီနဲ့ KNLA KNDO ပူးပေါင်းတပ်ရဲ့ နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေ များပြားနေပြီး စစ်ကောင်စီတပ်ကို အပြုတ်တိုက်ထုတ်သွားမယ်လို့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ တပ်မှူးတွေက ပြောကြားထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော