Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး နိုင်ငံတကာကို NUG တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အချက်အလက်များကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

(နိုင်ငံ​​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-The Guardian)
(နိုင်ငံ​​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-The Guardian)

မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေကြသူများ၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားကြသူများအားလုံးနှင့် နိုင်ငံတကာအသိုက်အဝန်းက အစွမ်းကုန် ကြိုးစားဆောင်ရွက်ရန် NUG က ယနေ့ တိုက်တွန်းသည်။

စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်းဓါးစာခံများသဖွယ် မတရားဖမ်းဆီးခံထားကြရပြီးလူ့အခွင့်အရေးချိုးဖောက်ခံနေကြရသူများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး အားလုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက အသိပေးသည်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီသည် ခေတ်အဆက်ဆက် အာဏာရှင်များထက်ပင် ပိုမိုဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများစွာကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဆက်လက်ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးသည် ရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများ နှင့် အလားသဏ္ဍာန်တူနေသည့် ကာလဖြစ်သောကြောင့် တစ်ဦးတစ်ယောက် ချင်းစီတိုင်း၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်ကြောင်း NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

မည်သည့် ရည်ရွယ်ချက်အတွက်မဆိုဓါးစာခံအဖြစ်ဖမ်းဆီးခြင်းသည် လူတစ်ဦးချင်း၏ဘဝ၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုအပါအဝင် လူတိုင်း၏ဂုဏ်သိက္ခာနှင့် အခြေခံ အခွင့်အရေးများနှင့် ကုလသမဂ္ဂက ထိန်းသိမ်းထားသော အခြေခံတန်ဖိုးများကို ချိုးဖောက်သည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ(ICCPR) ပဋိညာဉ်စာတမ်းများ၌ ပြဌာန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အချက်အလက်များကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။