Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်​ကောင်စီတ​​ပ်အား မဟာမိတ်အဖွဲ့က ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်၊ ခုနစ်ဦးထက်မနည်းသေဆုံးနိုင်

ဒရုန်းအဖျက်ခံရသည်ကို သိလိုက်သည်နှင့် တပြိုင်နက် အီနာဂါဖြုတ်ချလိုက်သဖြင့် စစ်သားများ အထိအခိုက်ရှိမရှိကို မှတ်တမ်းယူနိုင်ခြင်းမရှိကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မြောင် CDSOMအဖွဲ့က ဒရုန်းတစ်ခုအား စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်နေစဥ်)
(မြောင် CDSOMအဖွဲ့က ဒရုန်းတစ်ခုအား စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်နေစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတ​​ပ်အား မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၂၉)နံနက် ၁၁နာရီအချိန်က CDSOM နှင့် မဟာမိတ်အဖွဲ့များက မြောင်နယ်အတွင်း ဒရုန်းစစ်ဆင် ရေးတွင် ဒရုန်း ၅စီးဖြင့် ပွိုင့် ၃နေရာချရန် စီစဉ်ခဲ့သည်။

ပထမနှင့် ဒုတိယနေရာတွင် အကြမ်းဖက်စစ်တပ်နှင့် ရဲများအစုလိုက်ရှိသောနေရာနှင့် ၎င်းတို့ ဝပ်ကျင်းပြုလုပ်ထားသော မီးသတ်အဆောက်အဦး၊ တတိယနေရာမှာ မြောင်မြို့ပေါ် တွင် စာမသင်ဘဲ စာမေးပွဲဖြေရန် ကလေးများအား ဖိအားပေး ကျောင်းတက်ခိုင်းကာ လုံခြုံရေးဟန်ပြပြီး အကြောက်တရားနှင့် ကျောင်းတက်၊ မတက် စောင့်ကြည့်နေကြသော အကြမ်းဖက်စစ်တပ်၏ ဝပ်ကျင်းနေရာတို့ကို ရွေးချယ်၍ လုပ်ဆောင်ခဲ့သည်ဟု CDSOMက ဆိုသည်။

Public Service Announcement
Public Service Announcement

ဒရုန်းများအား ပထမအကြိမ်ပျံသန်းရာတွင် Signal များပျောက်၍ ဒရုန်းများအားလုံးပြန်လာခဲ့ပြီး ဒုတိယအကြိမ်တွင် ပုံစံမတူသော လမ်းကြောင်းဖြင့် ထပ်မံပျံသန်းစေခဲ့ရာ ဒရုန်းနှစ်စီးမှာ ပထမနှင့် ဒုတိယပွိုင့်ကို တည့်တည့်ချနိုင်ခဲ့သည်ဟု CDSOM က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် သစ်ပင်အောက် စုဝေးနေကြသော စစ်သားများနှင့် အဆောက်အဦးအတွင်းရှိနေသော စစ်သားများမှာ မပြေးနိုင်တော့ဘဲ ခုနစ်ဦးခန့် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDSOMက ဆိုသည်။

နောက်ထပ် ဒရုန်းတစ်စီးမှာ တတိယပစ်မှတ်သို့ မောင်းနှင်နေစဥ် စစ်သားအပြည့်ပါသောယာဥ်အား တွေ့ရှိသဖြင့် တိုက်ခိုက်ရန် လိုက်လံပျံသန်းစဥ် အကြမ်းဖက်စစ်တပ်က Drone Killer ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဒရုန်းပျက်ကျဆုံးရှုံးခဲ့သည်။

ဒရုန်းအဖျက်ခံရသည်ကို သိလိုက်သည်နှင့် တပြိုင်နက် အီနာဂါဖြုတ်ချလိုက်သဖြင့် စစ်သားများ အထိအခိုက်ရှိမရှိကို မှတ်တမ်းယူနိုင်ခြင်းမရှိကြောင်း CDSOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးများအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM နှင့်အတူ PDF Taloke၊ MGN Ranger၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ – Chaung U Revolution Army တပ်ခွဲ (၂)၊ စော်ဘွားကြီးအဖွဲ့၊ Young Fighter People Defense Force – YFPDF၊ ပြည်သူ့ တပ်မတော် (မြောင်) Myaung Union Army စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ (၂)မှ တပ်ခွဲ (၃) နှင့် Myinmu Civil Revolution Force – CRF Myinmu မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ စသည့် ညီနောင်မဟာမိတ်အဖွဲ့ (၈) ဖွဲ့မှ လက်တွဲညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ယနေ့ (ဇွန်လ၂၉ရက်) နံနက် ၁၀နာရီခန့်ကလည်း မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား လမ်းပြလိုက်ပါလာသည့် ပျူစောထီး နှစ်ဦးအား MRA စစ်ကိုင်းခရိုင်တပ်ရင်း (၅) နှင့် CHU Local Defense Forceအဖွဲ့တို့ ပူးပေါင်း၍ သုတ်သင်ရှင်းလင်းခဲ့သည်။

ယနေ့ညနေပိုင်းတွင်မူ ရွှေပန်းကျေးရွာကိုပင် အကြမ်းဖက်စစ်တပ်က နေရာသုံးနေရာခွဲကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။