Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် ဘုရား​ပိုင်​ငွေခိုးယူခံရမှု ပလဖကအမှုမှန်​ဖော်ထုတ်

သံသယရှိသူသည် ဘုန်းကြီးကျောင်းငွေ ပျောက်သည့်နေ့က ကျောင်းစောင့်အငှားစောင့်ခဲ့သူဖြစ်ပြီး ပ.လ.ဖ အဖွဲ့က လုပ်ထုံးလုပ်နည်းများဖြင့်ပြန်လည်စစ်ဆေးရာအမှုမှန်ပေါ်ပေါက်ခဲ့သည်ဟုပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဆိုသည်။

(ပိုက်ဆံပျောက်ဆုံးခဲ့သည့် ဘုန်းကြီးကျောင်းရှိ ဗီရို။ ဓါတ်ပုံ-SPGF)
(ပိုက်ဆံပျောက်ဆုံးခဲ့သည့် ဘုန်းကြီးကျောင်းရှိ ဗီရို။ ဓါတ်ပုံ-SPGF)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် ဘုရားပိုင်ငွေပျောက်ဆုံးမှုအား အမှုမှန်ပေါ်အောင် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)က သတင်းထုတ်ပြန်သည်။

ပေါက်တောင်ပိုင်း SPGF စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာတွင် ဇွန်လ ၁၅ရက်နေ့က ဘုန်းတော်ကြီးကျောင်းရှိ ဘုရားငွေများ ခိုးယူခြင်းခံရပြီး ထိုအမှုအား ကျေးရွာပြည်သူ့အုပ်ချုပ်ရေးမှုးများမှ ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အားလာရောက်စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ပ.လ.ဖ အဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးချက်များအရ သံသယ ရှိသူသည် အသက် ၁၆နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်နေသည်။ စုံစမ်းချက်အရ လတ်တလောတွင် ငွေကြေးအဆင်မပြေဘဲ ဆိုင်ကယ်ဝယ်ယူခြင်း၊ ငွေကြေးအသုံးကြမ်းခြင်းစသည်တို့ကြောင့် မိဘများဖြင့်ခေါ်ယူစစ်ဆေးရာ မိခင်ဖြစ်သူနှင့် အ
ဘွားဖြစ်သူမှ ပိုက်ဆံခိုးသည်မှာ မှန်ကန်သော်လည်း ဘုန်းတော်ကြီးကျောင်းမှ ငွေအားခိုးယူခြင်းမဟုတ်ဘဲ အဘွားအိမ်မှ ငွေအားခိုးယူခြင်းဖြစ်ကြောင်းလျှောက်လဲထွက်
ဆိုခဲ့သည်။

သံသယရှိသူသည် ဘုန်းကြီးကျောင်းငွေ ပျောက်သည့်နေ့က ကျောင်းစောင့်အငှားစောင့်ခဲ့သူဖြစ်ပြီး ပ.လ.ဖ အဖွဲ့က လုပ်ထုံးလုပ်နည်းများဖြင့်ပြန်လည်စစ်ဆေးရာအမှုမှန်ပေါ်ပေါက်ခဲ့သည်ဟုပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဆိုသည်။

Public Service Announcement

Public Service Announcement

အဘွားဖြစ်သူနှင့် မိခင်ဖြစ်သူမှပြစ်မှုကျူးလွန်သူအားပြစ်ဒဏ်မှ လွတ်မြောက်စေရန် လိမ်လည်ထွက်ဆိုခြင်း၊ ခိုးယူခဲ့သည်မှာ မှန်ကန်ခဲ့ခြင်းတို့ကြောင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး၊ဂေါပက အဖွဲ့တို့က ခိုးယူသူအားဘုရားငွေကျပ်၁၂သိန်း ကို ပြန်လည်ပေးဆောင်စေခဲ့သည်။

ထို့နောက် ပ.လ.ဖ အဖွဲ့က ခိုးယူသူ၏ မိခင်နှင့်အဘွားအား သူခိုးအားပေးအားမြှောက်ပြုမှုဖြင့် ဒဏ်ကြေးငွေငါးသိန်းကျပ်ပေးဆောင်စေပြီး ခိုးယူသူကျောင်းသားမှာ ကျောင်းနေ နေဆဲဖြစ်၍ ပြန်လည်ပြုပြင်ထိန်းစေရန် မိဘများထံ အပ်နှံကာနောက်နောင်ဤသို့မပြုလုပ်စေရန်ခံဝန်ကတိ လက်မှတ်ရေးထိုးကာ ဆုံးမပြုပြင်ပေးခဲ့ကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

ကျောင်းသား၏ ပြစ်ဒဏ်မှာ ကျောင်းပြန်လည်နေရန်နှင့်နောက်နောင် အကျင့်စာရိတ္တမဖောက်ပြားဘဲ နေထိုင်ရန်ဖြစ်ကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အသိပေးသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက်စ်တပ်နှင့် ဒေသတွင်းPDF များကြား တိုက်ပွဲများမကြာခဏဖြစ်သော်လည်း အချို့ဒေသများတွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သြဇာအာဏာသက်ရောက်နေပြီဖြစ်သည်။

ဇွန်လ၂၆ရက်နေ့ကလည်း အသက်၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည်ဆိုသည့်ဖြစ်စဥ်ကို ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က စီရင်ဆုံးဖြတ်ပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း ပေါက်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဒီကနေ့ (မေလ ၁၄ ရက်)က ပြုလုပ်ခဲ့ပါတယ်။