Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်​ဂေါခရိုင်​မြောက်ပိုင်းစစ်​ရေးတင်းမာ​နေ၍ဂန့်​ဂေါ-က​လေးလမ်းပိုင်းကိုပြည်သူများအသုံးမပြုရန်သတိ​ပေး

“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှပြန်ကြားရေးတာဝန်ခံကပြောသည်။

(အ​နောက်ပိုင်းတိုင်းတပ်မဟာ( ၇ )တပ်ရင်း( ၇၀၃ )မှ တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-PDF တပ်မဟာ-၇)
(အ​နောက်ပိုင်းတိုင်းတပ်မဟာ( ၇ )တပ်ရင်း( ၇၀၃ )မှ တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-PDF တပ်မဟာ-၇)

ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်နေ၍ဂန့်ဂေါ-ကလေးလမ်းပိုင်းကို လုံးဝ အသုံး မပြုရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ ဟာ ( ၇ )က ယနေ့(ဇူလိုင် ၂ ရက်)တွင် ထုတ်ပြန် သည်။

ယခုလ ၁ ရက်ကစ၍ မြောက်ခင်ရန်းရွာဘက်မှ ပျူစောထီး နှင့် စစ်ကောင်စီ ပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ဂန့်ဂေါခရိုင် မြောက်ပိုင်း ကုန်းရွာသို့ဝင်ရောက်ခဲ့သည်။စစ်သားနှင့်ပျူများကုန်းရွာသို့မဝင်ရောက်မီအနောက်ပိုင်းတိုင်းတပ်မဟာ၇လက်အောက်ခံတပ်ရင်းများ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့မှုဖြစ်ပွားရာကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းတပ်မဟာ၇ က အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့၏ ထိခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေး​ကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ-ကလေး လမ်းပိုင်း ကို လုံးဝ အသုံးမပြုရန် နှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်ကို အတိအကျ လိုက်နာပေးရန်လည်း အနောက်ပိုင်း တိုင်းတပ်မဟာ ၇ တပ်ရင်း ၇၀၃ က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရယ်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။