Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါခရိုင်​မြောက်ပိုင်းစစ်​ရေးတင်းမာ​နေ၍ဂန့်​ဂေါ-က​လေးလမ်းပိုင်းကိုပြည်သူများအသုံးမပြုရန်သတိ​ပေး

“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှပြန်ကြားရေးတာဝန်ခံကပြောသည်။

(အ​နောက်ပိုင်းတိုင်းတပ်မဟာ( ၇ )တပ်ရင်း( ၇၀၃ )မှ တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-PDF တပ်မဟာ-၇)
(အ​နောက်ပိုင်းတိုင်းတပ်မဟာ( ၇ )တပ်ရင်း( ၇၀၃ )မှ တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-PDF တပ်မဟာ-၇)

ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်နေ၍ဂန့်ဂေါ-ကလေးလမ်းပိုင်းကို လုံးဝ အသုံး မပြုရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ ဟာ ( ၇ )က ယနေ့(ဇူလိုင် ၂ ရက်)တွင် ထုတ်ပြန် သည်။

ယခုလ ၁ ရက်ကစ၍ မြောက်ခင်ရန်းရွာဘက်မှ ပျူစောထီး နှင့် စစ်ကောင်စီ ပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ဂန့်ဂေါခရိုင် မြောက်ပိုင်း ကုန်းရွာသို့ဝင်ရောက်ခဲ့သည်။စစ်သားနှင့်ပျူများကုန်းရွာသို့မဝင်ရောက်မီအနောက်ပိုင်းတိုင်းတပ်မဟာ၇လက်အောက်ခံတပ်ရင်းများ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့မှုဖြစ်ပွားရာကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းတပ်မဟာ၇ က အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့၏ ထိခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေး​ကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ-ကလေး လမ်းပိုင်း ကို လုံးဝ အသုံးမပြုရန် နှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်ကို အတိအကျ လိုက်နာပေးရန်လည်း အနောက်ပိုင်း တိုင်းတပ်မဟာ ၇ တပ်ရင်း ၇၀၃ က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

သတင်း

ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုအချို့ရှိ​နေပြီး စစ်အုပ်စုထိခိုက်မှုများရှိခဲ့သည်။

သတင်း

ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆန်ရောင်းစားမှုဖြင့် ၂၀၂၄ ခုနှစ်သြဂုတ်လ ၁၀ ရက်တွင် စစ်ကောင်က ဖမ်းဆီးမှုရှိခဲ့သည်။