Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်သားများက ခရီးသွားယာဥ်များပေါ်လိုက်ပါပြီး ခရီးသည်များမိုင်းရှင်းခိုင်းနေ

ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုအချို့ရှိ​နေပြီး စစ်အုပ်စုထိခိုက်မှုများရှိခဲ့သည်။

(မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပွဲဖြစ်၍ စောင့်ဆိုင်းနေသော ခရီးသည်တင်ယာဥ်များအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပွဲဖြစ်၍ စောင့်ဆိုင်းနေသော ခရီးသည်တင်ယာဥ်များအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများက ခရီးသည်ယာဥ်များပေါ် လိုက်ပါပြီး ခရီးသည်များအား မိုင်းရှင်းခိုင်းနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ယနေ့(နိုဝင်ဘာ၂၀ရက်) နံနက် ၆ နာရီကျော်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ခရီးသည်တင်ကားများပေါ်သို့ မြပုလဲဆီဆိုင်ဂိတ် မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာပြီး ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများအား မိုင်းဆင်းရှာခိုင်းခဲ့ကြောင်း ခရီးသွားများက ပြောသည်။

ထို့အပြင် ခရီးသွားပြည်သူများအနက်မှ သုံးဦးကိုလည်း ဓားစာခံအဖြစ် ဖမ်း​ဆီးထားကြောင်း ခရီးသွားများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားတားလိုက်လာတဲ့စခတွေ မုံရွေးတိုးဂိတ်ရောက်နေတယ်။ ပြည်သူတွေကိုလည်း ဖမ်းဆီးပြီး မိုင်းရှာခိုင်းနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်က ၎င်းတို့မိုင်းထိမည်စိုး၍ ခရီးသည်တင်ယာဥ်များပေါ်သို့ လိုက်ပါခြင်း၊

ပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှာခိုင်းခြင်းများ ပြုလုပ်လေ့ကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုအချို့ရှိ​နေပြီး စစ်အုပ်စုထိခိုက်မှုများရှိခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်က ချောင်းဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ကင်းပုန်းလာဝပ်စဥ် မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် ၂ ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၂ဦးသေဆုံးကာ ၁ဦး လက်ဖြတ်ရ၍ ၃ဦး ဆေးကုသနေကြောင်း မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၇ရက်က ချောင်းဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ကင်းပုန်းလာဝပ်စဥ် မုံရွာခရိုင်အမှတ် (၁၅)တပ်ရင်း၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် နှစ်ကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း မုံရွာခရိုင်အမှတ်(၁၅)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။