Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်၏ လေကြောင်းထိုးစစ်ကြောင့်စစ်​ဘေးဒုက္ခသည်များ ထိုင်းဘက်သို့ တိမ်းရှောင်

မြန်မာစစ်တပ်သည်ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနယ်စပ်တလျှောက်ရှိကရင်ကျေး ရွာများကိုလေကြောင်းရော၊ လက်နက်ကြီးဖြင့်ပါထိုးစစ်ဆင်နေသဖြင့် ထိုင်းဘက်ခြမ်းရှိပြည်သူများကိုလည်း အထိတ်တလန့်ဖြစ်စေနေသည်။

ဓာတ်ပုံ - Bangkok Post
ဓာတ်ပုံ - Bangkok Post

မြန်မာစစ်​ကောင်စီတပ်သည် မြ၀တီနယ်စပ်မြို့နယ်အတွင်းရှိ ကရင်ကျေးရွာများကို လေကြောင်းမှ ဆက်လကတိုက်ခိုက်နေ၍ ကရင်ဒုက္ခသည်များစွာကို ထိုင်းနိုင်ငံက လက်ခံရန်ပြင်ဆင်နေကြောင်း The Nation သတင်းဌာနက ယနေ့ဖော်ပြသည်။

ဇူလိုင် ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ကျေးရွာနှစ်ရွာအပေါ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ရွာသား ၃ ဦးသေဆုံးကာ အခြား ၃ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို တာ့ခ်ခရိုင် ဖော့ဖရာစီရင်စုသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရသည်။

သေဆုံးသူ ၃ဦးအနက် ၁ ဦးသည် ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားထားပြီး အခြား ၁ဦးသည် ထိုင်းအစိုးရကထုတ်ပေးသော တောင်ပေါ်သားကတ်ကိုင်ဆောင်သူဖြစ်သည်။ ကျန် ၁ ဦးသည် ထိုင်းနိုင်ငံအတွင်း ၁၀ နှစ်နေထိုင်ခွင့်ကတ်ကိုင်ဆောင်ထားသူဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - Bangkok Post
ဓာတ်ပုံ – Bangkok Post

တချိန်တည်းတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒုက္ခသည်များ သည် နယ်စပ်ဖြတ်ကျော်ကာ Ban Muen Rue ထိုင်းအသင်းကို ခိုလှုံခွင့်တောင်းခံသူမှာ ၂၅၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာစစ်တပ်၏ MiG-29 တိုက်လေယာဉ် ထိုင်းလေပိုက်နက်သို့ကျူးကျော်ခဲ့မှုအတွက် တောင်းပန်မှု လက်ခံရရှိခဲ့ကြောင်း ပြောကြားထားသည်။

Public Service Announcement
Public Service Announcement

နိုင်ငံ​ရေးသမားများ၊တက်ကြွလှုပ်ရှားသူများ၊ ​ပြည်သူများကမူ စစ်​ကောင်စီတပ် ထိုင်း​လေပိုင်နက်အားကျူး​ကျော်လာမှုအ​ပေါ် ထိုင်း​လေတပ်က ချက်ချင်းမကာကွယ်မတုံ့ပြန်နိုင်ခြင်းအ​ပေါ် ​ဝေဖန်ပြစ်တင်​နေကြသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ပရာယွတ်က ထိုင်းစစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နိုင်စွမ်းအပြည့်ရှိသည်ကို ယုံကြည်ရန် ပြောဆိုထားပြီး အထက်ပါ လေပိုင်နက်ကျူးကျော်မှုက ကြီးမားသည့်ကိစ္စရပ်မဟုတ်ကြောင်း ဆိုထားသည်။

မြန်မာစစ်တပ်သည်ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ထိုင်းနယ်စပ်တလျှောက်ရှိကရင်ကျေး ရွာများကိုလေကြောင်းရော၊ လက်နက်ကြီးဖြင့်ပါထိုးစစ်ဆင်နေသဖြင့် ထိုင်းဘက်ခြမ်းရှိပြည်သူများကိုလည်း အထိတ်တလန့်ဖြစ်စေနေသည်။

ကိုးကား – The Nation

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။