Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းနှင့် ကလေးတွင်နှစ်လအတွင်း ချင်းတပ် CNDF ပါဝင်သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၆၆ဦး​သေဟု ထုတ်ပြန်

CNDFသည် ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF)စသည့် ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

CNDF
CNDF

ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပါဝင်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၆၆ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)က ထုတ်ပြန်သည်။

ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် မေလနှင့်ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁) ကြိမ်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

CNDF
CNDF

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၆၆ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်းနှင့် CNDF ရဲဘော် ၃ဦးကျဆုံးကာ ၄ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ ကျဆုံး ရဲဘော် ၃ဦး အနက် ၂ဦးမှာ မိုင်းမတော်တဆမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မေလအတွင်း၌ ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ်(၁၀)လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ်(၁၇)လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ် (၆)လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ်(၅)လုံးတို့ကို မီးရှို့ဖျက်စီးခဲ့ကြောင်း CNOက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CNDF
CNDF

CNDFသည် ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF)စသည့် ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။