Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းနှင့် ကလေးတွင်နှစ်လအတွင်း ချင်းတပ် CNDF ပါဝင်သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၆၆ဦး​သေဟု ထုတ်ပြန်

CNDFသည် ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF)စသည့် ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

CNDF
CNDF

ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပါဝင်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၆၆ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)က ထုတ်ပြန်သည်။

ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် မေလနှင့်ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁) ကြိမ်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

CNDF
CNDF

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၆၆ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်းနှင့် CNDF ရဲဘော် ၃ဦးကျဆုံးကာ ၄ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ ကျဆုံး ရဲဘော် ၃ဦး အနက် ၂ဦးမှာ မိုင်းမတော်တဆမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မေလအတွင်း၌ ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ်(၁၀)လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ်(၁၇)လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ် (၆)လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ်(၅)လုံးတို့ကို မီးရှို့ဖျက်စီးခဲ့ကြောင်း CNOက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CNDF
CNDF

CNDFသည် ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF)စသည့် ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။