Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ ရဲစခန်းကို အဝေးထိန်းစနစ်သုံးပြီး မိုင်းဖောက်ခွဲတိုက်ခိုက်

အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်၍ SNAKE EYES PDFအဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ စခန်းအတွင်းက စားဖိုဆောင်အနားအထိ မိုင်းရောက်အောင်ပို့ခဲ့ပြီး ခွဲခဲ့တာပါ။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောလို့ မရလို့ နားလည်ပေးစေချင်ပါတယ်။”ဟု ပြောသည်။

(အဝေးထိန်းစနစ်ဖြင့် ရဲစခန်းအတွင်း ဖောက်ခွဲခဲ့သည့်မိုင်းအား တွေ့ရစဥ်။ဓာတ်ပုံ-SNAKE EYES PDF)
(အဝေးထိန်းစနစ်ဖြင့် ရဲစခန်းအတွင်း ဖောက်ခွဲခဲ့သည့်မိုင်းအား တွေ့ရစဥ်။ဓာတ်ပုံ-SNAKE EYES PDF)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ရဲစခန်းအတွင်း အဝေးထိန်းစနစ်သုံးပြီး မိုင်းဖောက်ခွဲတိုက်ခိုက်ရာ ငါးဦးထက်မနည်းထိခိုက်နိုင်ကြောင်း SNAKE EYES PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၆ရက်) နံနက် ၁၁ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်ရဲစခန်းကို အဆင့်မြင့် အဝေးထိန်းစနစ်အသုံးပြု၍ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SNAKE EYES PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ ဖောက်ခွဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ငါးဦးနှင့် အထက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES PDFက အသိပေးသည်။

အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်၍ SNAKE EYES PDFအဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ စခန်းအတွင်းက စားဖိုဆောင်အနားအထိ မိုင်းရောက်အောင်ပို့ခဲ့ပြီး ခွဲခဲ့တာပါ။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောလို့ မရလို့ နားလည်ပေးစေချင်ပါတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ မြို့ပြစစ်ဆင်ရေးကို SNAKE EYES PDF၊ Non Profit Soldiers Ye.U နှင့် Freedom Revolution Force (F.R.F)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။

SNAKE EYES PDFနှင့် ဒေသတွင်းအဖွဲ့များသည် ဇူလိုင်လ၄ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က တပ်စွဲထားသော ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်းသို့ အဆင့်မြင့် အဝေးထိန်း ဖောက်ခွဲရေးမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။ ထိုဖြစ်စဥ်တွင် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား၁၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရခဲ့ကာရဟတ်ယာဥ်ဖြင့်ပင် လာရောက်သယ်ဆောင်သွားခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။