Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝှမ်း​မေလကုန်အထိပြည်သူ ၁၈၇၅ ဦးသတ်ဖြတ်ခံရပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၃ ကြိမ်ရှိခဲ့

AAPPကတော့ သူတို့ရဲ့အစီရင်ခံဟာ ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေ ပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလွတ်နေတာကိုတားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုထားပါတယ်။

ဓာတ်ပုံ − RFA
ဓာတ်ပုံ − RFA

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ​မေလ ၃၁ ရက်​နေ့အထိ့ ပြည်သူ ၁၈၇၅ဦးသတ်ဖြတ်ခံရပြီးအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဟာ ၁၃ ကြိမ် ရှိကြောင်း အခုလ ဇူလိုင်လမှာထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ​မေလ ၃၁ ရက်အထိ့အကြမ်းဖက်စစ်အုပ်စုက ကျုးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာသက်သေအထောက်အထားတွေကို AAPP က အစီရင်ခံစာထုတ်ပြန်ထားတာပါ။ ၂၀၂၂ ဇူလိုင် ၇ ရက်အထိ့ AAPP ပြုစုထားတဲ့စာရင်း​တွေအရစစ်​ကောင်စီကပြည်သူ
၂၀၆၃ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ဆက်သွယ်​ရေးအခက်အခဲ​ကြောင့်လူမသိ့သူမသိအသတ်ခံရတာ​တွေ၊စစ်​ကောင်စီကလျှိုဝှက်သတ်ဖြတ်သွားတာ​တွေလည်းရှိပြီး​တော့အမှန်တစ်ကယ်အသတ်ခံရတဲ့အ​ရေတွက်ကအခုထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ်။

နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ပစ်ခတ်သတ်ဖြတ်ခံရချိန်ကစပြီး သတ်ဖြတ်မှု ၁၈၇၅ ခုကို AAPP က စိစစ်အတည်ပြု မှတ်တမ်းရယူခဲ့တယ်လို့အစီရင်ခံစာထဲမှာဆိုထားပါတယ်။

အဲဒီလိုသတ်ဖြတ်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီ တပ်မ ၇၇ နဲ့ တပ်မ ၄၄ ဟာ ပါဝင်ပတ်သက်နေတယ်လို့ AAPP ရဲ့အစီရင်ခံစာမှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကောက်ယူရရှိတဲ့အချက်အလက်တွေအရ ရက်စက်ပြင်းထန်တဲ့ ပစ်ခတ်မှုဖြစ်စဉ် ၁၃ ခုအတွင်းအရပ်သား ပြည်သူ ၃၃၇ ဦးသေဆုံးကာ ဒါဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်တယ်လို့ AAPP က ထောက်ပြထားပါတယ်။

အဲဒီလိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေဟာ သံချပ်ကာကားတွေ ၊စက်သေနတ်လို လက်နက်တွေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုတိုက်ခိုက်ခဲ့တာတွေ့ရတယ်လို့ AAPP ရဲ့အစီရင်ခံစာမှာပါရှိပါတယ်။

စစ်ကောင်စီရဲ့တပ်မ ၆၆ ဟာ ခရစ်စမတ်မတိုင်ခင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုကျုးလွန်ခဲ့ပြီး ၊တပ်မ ၄၄ က ကနီမြို့နယ်မှာဖြတ် ၄ ဖြတ် စစ်ဆင်ရေးနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျုးလွန်ခဲ့ကြသူတွေဖြစ်တယ်လို့ အစီရင်ခံစာမှာထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

AAPPကတော့ သူတို့ရဲ့အစီရင်ခံဟာ ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေ ပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလွတ်နေတာကိုတားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုထားပါတယ်။

လူထုကိုတရားဝင်ကိုယ်စားပြုတဲ့ NUG အစိုးရဟာ လက်ရှိမှာ ပြည်တွင်းတရားရုံးတွေကို လွတ်လွတ်လပ်လပ် လုပ်ငန်းလည်ပတ်စေနိုင်တဲ့ အခြေအနေမရှိနေပေမယ့် ရောမစာချုပ် ရဲ့ပုဒ်မ ၁၂(၃) အရနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ စီရင်ပိုင်ခွင့်ကိုလက်ခံကြောင်းကြေညာထားတယ်လို့ AAPP အစီရင်ခံစာထဲမှာပြောထားပါတယ်။

ဒါကြောင့် ရောမစာချုပ်အရ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်တွေအနေနဲ့ ကိုယ်တိုင်ကျုးလွန်ခဲ့တာဖြစ်စေ ၊လက်အောက်ငယ်သားတွေ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဖြစ်စေ အားလုံးကို တာဝန်ခံကြရမယ်လို့ AAPP က အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။