Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းမတွင် စစ်ကောင်စီယာဥ်တန်းအား လုံခြုံရေးပေးရန် ကင်းပုန်းလာချသည့် တပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ဦးထက်မနည်း သေဆုံးနိုင်ဟုဆို

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။

(ဇွန်လကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် အကြမ်းဖက်စစ်တပ်ယာဥ်တစ်စီး မိုင်းထိပျက်စီးခဲ့စဥ်။ ဓာတ်ပုံ-MRA)
(ဇွန်လကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် အကြမ်းဖက်စစ်တပ်ယာဥ်တစ်စီး မိုင်းထိပျက်စီးခဲ့စဥ်။ ဓာတ်ပုံ-MRA)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား လုံခြုံရေးပေးရန် ကင်းပုန်းလာချသည့် အကြမ်းဖက်စစ်သားများအား အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း Myaung Revolution Armyက သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်၈ရက်) နံနက် ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သား ၃၀ဦးခန့်သည် ကန်တာကား နှစ်စီး၊ ခွေးဘီလူးကား တစ်စီးဖြင့် ချောင်းဦးမြို့မှ မြင်းမူမြို့သို့ မုံရွာ – မန္တလေးကားလမ်းမကြီးအတိုင်း ကင်းပုန်းဝပ်ရန် ထွက်ခွာလာကြသည်။ စစ်ကိုင်းမှ မုံရွာမြို့သို့ လာသော စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးပေးရန် ဖြစ်သည်ဟု MRA က ဆိုသည်။

မြင်းမူမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်သားများအား ကားပေါ်မှ ချထားခဲ့ပြီး လမ်းမကြီးအတိုင်း လမ်းလျှောက်လာခဲ့ကြသည်။

Public Service Announcement
Public Service Announcement

လမ်းလျှောက်လာသော စစ်ကောင်စီစစ်ကြောင်းအား MRAမှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးမှာ နေရာတွင်ပင် လဲကျသေဆုံးသွားသည်ဟု MRAက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျန်ရှိသော စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကင်းပုန်းများဝပ်ခဲ့ကြသည်။ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်သော နေရာများသည် MRA မှ မိုင်းများ မြုပ်ထားသောနေရာများဖြစ်၍ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးနိုင်ကြောင်း MRAက ခန့်မှန်းသည်။

စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးပေးရန် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သား ၃၀ကျော်အနက် ၁၇ဦးသာ ဂွေးပင်တောကျေးရွာ စာသင်ကျောင်းထဲသို့ ဝင်ရောက်လာခဲ့ကြောင်း၊ Light Truck ကားတစ်စီးဖြင့်လာရောက်၍ ထပ်မံအင်အားဖြည့်တင်းခဲ့သည်ဟု MRAက အသိပေးသည်။

နံနက် ၉နာရီခန့်တွင် ဂွေးပင်တောကျေးရွာအနီး၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား အင်အားဖြည့်တင်းရန်အတွက် ၁၅ဦးခန့် သည် ကားနံပါတ် 5I/9446 ဖြင့် ချောင်းဦးမြို့မှ ထွက်ခွာလာခဲ့သည်။

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Myaung Revolution Army ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့(ဇူလိုင်လ၈ရက်) မွန်းလွဲ၂နာရီကလည်း မုံရွာ – မန္တလေးလမ်းမပေါ်တွင် မုံရွာမြို့မှ ထွက်လာသော စစ်ကောင်စီ၏ ရှစ်စီးပါယာဥ်တန်းအား မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်နှင့် နပဲကြူးဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။