Connect with us

Hi, what are you looking for?

သတင်း

တာဝန်ထမ်းဆောင်ရန် ခရီးရှည်ထွက်ခဲ့သော ရဲဘော်များ စခန်းပြန်ရောက်ပြီဟု သရက် PDF အသိပေး

​တော်လှန်​ရေးတိုက်ပွဲများအား အားမ​လျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ ​မေတ္တာ၊ ​စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။

သရက် PDF
သရက် PDF

တော်လှန်​ရေးခရီးကြမ်းအတွက် တာဝန်ထမ်း​ဆောင်ရန် ခရီးရှည်ထွက်ခဲ့ကြသော ရဲဘော်များ အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သရက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၉)တွင် သိပေးထုတ် ပြန်သည်။

“မိမိတို့၏ ပြည်သူ့ကာကွယ်​ရေးရဲ​ဘော်များအားလုံး မိဘပြည်သူတို့၏အကူအညီများဖြင့် မိမိတို့နေရာများသို့ ​ဘေးမသီရန်မခဘဲ အဆင်​ပြေ​ချော​မွေ့စွာ အားလုံးပြန် လည် ​ရောက်ရှိကြပါပြီ”ဟု ဆိုသည်။

​တော်လှန်​ရေးတိုက်ပွဲများအား အားမ​လျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ ​မေတ္တာ၊ ​စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ပွင့်ဖြူမြို့နယ် မဲဇလီတံတားအနီး စစ်ကောင်စီတပ်နှင့် သရက် -ကံမပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁၂ဦးကျဆုံးကာ သုံးဦးဖမ်းခံရပြီး ရဲဘော်အချို့သာ လွတ်မြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအထက်ပါ ရဲဘော်များမှာ ပွင့်ဖြူမြို့နယ်ထိတွေ့တိုက်ပွဲမှ လွတ်မြောက်ခဲ့သော ရဲဘော်များဟုတ်မဟုတ်ကိုမူ မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook