Connect with us

Hi, what are you looking for?

သတင်း

ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုရှားပါးခြင်းတို့ကြောင့် ကရင်နီဒေသစစ်ရှောင်များ သေဆုံးမှုနှင့် ကလေးငယ်များ ဖျားနာမှုများနေ

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲဒေသရှိ စစ်ရှောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကကူညီသည့် ထောက်ပံ့ကူညီမှုများမရရှိကြောင်း ၎င်းက ဆိုသည်။

(ကရင်နီဒေသရှိ စစ်ဘေးရှောင်တစ်ဦး သေဆုံးသေဆုံးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - News Light in Karenni_2)
(ကရင်နီဒေသရှိ စစ်ဘေးရှောင်တစ်ဦး သေဆုံးသေဆုံးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - News Light in Karenni_2)

ကရင်နီဒေသစစ်ရှောင်များအနေဖြင့် ဆေးဝါးရှားပါးမှု၊ ကျန်းမာရေးဝန်ဆောင်မှု မရှိသလောက် ရှားပါးမှုတို့ကြောင့် စစ်ရှောင်သေဆုံးမှုများနေပြီး ကလေးငယ်များ ဖျားနာမှုများနေကြောင်း ကရင်နီဒေသခံနှင့် အဖွဲ့အစည်းအချို့က အသိပေးသည်။

ကရင်နီပြည်အနောက်ကယန်းဒေသသို့ လာရောက်ခိုလှုံနေသည့် စစ်ရှောင်ပြည်သူများအနေဖြင့် ဆေးဝါးလိုအပ်ချက် နှင့် ဆေးဝါးကုသခွင့် အချိန်မီ မရရှိ၍ ယခုမိုးရာသီကာလ၌ သေဆုံးမှုမြင့်လာကြောင်း News Light in Karenni က ဖော်ပြသည်။

ဒေသအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုရှိ ကလေးသူငယ်နှင့်မိခင်တို့အားလုံးမှာလည်း ချောင်းဆိုးခြင်း ရင်ကျပ်ခြင်းနှင့်ဖျားနာဝေဒနာများ ခံစားနေကြရကြောင်း အသိပေးထားသည်။

ထိုသို့ဖြစ်ရခြင်း၏ အဓိကပြဿနာမှာ ဆေးဝါးရှားပါးခြင်း၊ ဆေးဝါးကုသမှုခံယူနိူင်မည့် ဆေးရုံနှင့် ဆေးပေးခန်းတို့နှင့် အလှမ်းဝေးလွန်းခြင်း၊ ရာသီဥတုအေးပြီး မိုးလုံလေလုံသော နေရာထိုင်ခင်းများမရှိခြင်း၊ သင့်တင့်မျှတသော အစားအစာအဟာရ မရရှိခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုမရှိသလောက်ရှားပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်ဘက်သို့ စစ်ရှောင်နေသည့် ဒေသခံတစ်ဦးကလည်း စစ်ရှောင်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးရုံဆေးခန်းစသည်တို့နှင့် လက်လှမ်းမမီခြင်းအပြင် စစ်ရေးအခြေအနေများကြောင့် တစ်နေရာနှင့် တစ်နေရာသို့ သွားလာရန်ပင်မလွယ်ကူကြောင်း ပြောကြားသည်။

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲဒေသရှိ စစ်ရှောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကကူညီသည့် ထောက်ပံ့ကူညီမှုများမရရှိကြောင်း ၎င်းက ဆိုသည်။

“လွိုင်ကော်ကတော့ WFPက ရိက္ခာတွေဘာတွေ ထုတ်ပေးတယ်ကြားတယ်။ တကယ့်ကယန်းဒေသ မိုးဗြဲအနောက်ဘက် ဖယ်ခုံအနောက်ဘက်က စစ်ရှောင်တွေမှာ မရဘူးလို့ ကြားတယ်။ ဒီးမော့ဆို ဖရူဆို တကယ့် စစ်ရှောင်နေရတဲ့နေရာတွေ မရောက်ဘူးဖြစ်နေတယ်။ နန်းဖဲ ၊ ဘောလခဲရဲ့ အနောက်ကြောတွေ အဲဒီမှာမရောက်ဘူး။ မရောက်တဲ့အပြင် ပထမက သောက်ရေအခက်အခဲတောင်ရှိတယ် အခုတော့ မိုးရွာတော့ နည်းနည်းအဆင်ပြေတယ်။ ဆေးဝါး အကူအညီကိစ္စနဲ့ စားရေးသောက်ရေးကတော့ခက်နေဆဲပဲ။”ဟု ဒေသခံစစ်ရှောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"