Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားသို့ လျှို့ဝှက်သွားရောက်

အကြမ်းဖက်စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံဝါဒဖြန့် သတင်းစာနှင့်ရုပ်သံများကဖော်ပြခြင်းမရှိသေးပေ။

မင်းအောင်လှိုင်
မင်းအောင်လှိုင်

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ရုရှားသို့လျှို့ဝှက်သွားရောက်နေ ကြောင်း ရုရုားအစိုးရပိုင် RIA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ၁ နှစ်ခွဲခန့်အတွင်း ရုရှားသို့ ဒုတိယအကြိမ်သွား ရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင် ရုရှားအာကာသအေဂျင်စီအကြီးအကဲ၊ Rosatom နျူကလီးယား အေဂျင်စီအရာရှိများနှင့်တွေ့ဆုံရန်ရှိကြောင်း RIA က ဖော်ပြသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံဝါဒဖြန့် သတင်းစာနှင့်ရုပ်သံများကဖော်ပြခြင်းမရှိသေးပေ။

တရားမဝင်အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီခေါင်းဆောင်သည် နိုင်ငံတကာအသိုင်းအဝန်း၏ ဖယ်ကြဉ်ခြင်းကို ခံနေရပြီး ၁ နှစ်ကျော်အတွင်း ပြည်ပခရီးစဉ်အဖြစ် ၃ ကြိမ်သာ သွားရောက်ထားသည်။

Public Service Announcement

Public Service Announcement

ပထမတစ်ကြိမ်မှာ ၂၀၂၁ ဧပြီတွင် ပြုလုပ်သော အာဆီယံထိပ်သီးညီလာခံဖြစ်ပြီး ယင်းခရီးစဉ်တွင် ၎င်းကိုယ်တိုင်သဘောတူလက်မှတ်ရေးထိုးသော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာခြင်းမရှိသဖြင့် ထပ်မံကျင်းပသော ထိပ်သီးညီလာခံများ၌ အာဆီယံက တက်ရောက်ခွင့်မပေးတော့ပေ။

ဒုတိယအကြိမ်မှာ ၂၀၂၁ ဇွန်တွင် ရုရှားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ရုရှားသည် မြန်မာပြည်သူများကို သတ်ဖြတ်ရန် အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများအဓိက ရောင်းချ ပေးနေသည်ဟု နိုင်ငံတကာလေ့လာသူများက သတ်မှတ်ထားသည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ တရားဝင်မှုမရရှိသည့် စစ်ကောင်စီကို ရုရှားကသာတရားဝင်အသိအမှတ်ပြုဆက်ဆံနေခြင်းလည်းဖြစ်သည်။

စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ ၂၁၀၀ ခန်ကိုသတ်ဖြတ်ခဲ့ပြီး နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်းနှစ်​သောင်း​ကျော် မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။