Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားသို့ လျှို့ဝှက်သွားရောက်

အကြမ်းဖက်စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံဝါဒဖြန့် သတင်းစာနှင့်ရုပ်သံများကဖော်ပြခြင်းမရှိသေးပေ။

မင်းအောင်လှိုင်
မင်းအောင်လှိုင်

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ရုရှားသို့လျှို့ဝှက်သွားရောက်နေ ကြောင်း ရုရုားအစိုးရပိုင် RIA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ၁ နှစ်ခွဲခန့်အတွင်း ရုရှားသို့ ဒုတိယအကြိမ်သွား ရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင် ရုရှားအာကာသအေဂျင်စီအကြီးအကဲ၊ Rosatom နျူကလီးယား အေဂျင်စီအရာရှိများနှင့်တွေ့ဆုံရန်ရှိကြောင်း RIA က ဖော်ပြသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံဝါဒဖြန့် သတင်းစာနှင့်ရုပ်သံများကဖော်ပြခြင်းမရှိသေးပေ။

တရားမဝင်အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီခေါင်းဆောင်သည် နိုင်ငံတကာအသိုင်းအဝန်း၏ ဖယ်ကြဉ်ခြင်းကို ခံနေရပြီး ၁ နှစ်ကျော်အတွင်း ပြည်ပခရီးစဉ်အဖြစ် ၃ ကြိမ်သာ သွားရောက်ထားသည်။

Public Service Announcement

Public Service Announcement

ပထမတစ်ကြိမ်မှာ ၂၀၂၁ ဧပြီတွင် ပြုလုပ်သော အာဆီယံထိပ်သီးညီလာခံဖြစ်ပြီး ယင်းခရီးစဉ်တွင် ၎င်းကိုယ်တိုင်သဘောတူလက်မှတ်ရေးထိုးသော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာခြင်းမရှိသဖြင့် ထပ်မံကျင်းပသော ထိပ်သီးညီလာခံများ၌ အာဆီယံက တက်ရောက်ခွင့်မပေးတော့ပေ။

ဒုတိယအကြိမ်မှာ ၂၀၂၁ ဇွန်တွင် ရုရှားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ရုရှားသည် မြန်မာပြည်သူများကို သတ်ဖြတ်ရန် အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများအဓိက ရောင်းချ ပေးနေသည်ဟု နိုင်ငံတကာလေ့လာသူများက သတ်မှတ်ထားသည်။

ထို့အပြင် တရားမဝင်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ တရားဝင်မှုမရရှိသည့် စစ်ကောင်စီကို ရုရှားကသာတရားဝင်အသိအမှတ်ပြုဆက်ဆံနေခြင်းလည်းဖြစ်သည်။

စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ ၂၁၀၀ ခန်ကိုသတ်ဖြတ်ခဲ့ပြီး နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်းနှစ်​သောင်း​ကျော် မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။