Connect with us

Hi, what are you looking for?

သတင်း

မြေနီကုန်းတံတားအောက်ဗုံးပေါက်ကွဲချိန် လမ်းဆုံဘန်ကာထဲမှ စစ်ကောင်စီတပ်သားများဟန်မပျက်ရှိနေဟုမျက်မြင်​တွေ့ရှိသူ​ပြော

ယနေ့(ဇူလိုင် ၁၂)ညနေ ၃ နာရီခန့်က မြေနီကုန်း လမ်းဆုံ၊ ဗားကရာလမ်း ဒဂုံစင်နာဘက်အခြမ်းတွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ၎င်းမျက်မြင်တွေ့ရှိသူများက​ပြောသည်။

(​မြေနီကုန်းတံတား​အောက် ပန်းခြံအနီးဗုံး​ပေါက်ကွဲပြီး​နောက်စစ်​ကောင်စီကားတစ်စီးနှင့်လမ်းသွားလမ်းလာပြည်သူများ ။ ။ဓါတ်ပုံ-CJ)
(​မြေနီကုန်းတံတား​အောက် ပန်းခြံအနီးဗုံး​ပေါက်ကွဲပြီး​နောက်စစ်​ကောင်စီကားတစ်စီးနှင့်လမ်းသွားလမ်းလာပြည်သူများ ။ ။ဓါတ်ပုံ-CJ)

မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲ​နေချိန်တွင်လမ်းဆုံဘန်ကာအတွင်းရှိနေသည့် စစ်ကောင်စီတပ်သားများမှာ အေးအေးလူလူဟန်မပျက်ကြည့်နေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူက ပြောကြားသည်။

ယနေ့(ဇူလိုင် ၁၂)ညနေ ၃ နာရီခန့်က မြေနီကုန်း လမ်းဆုံ၊ ဗားကရာလမ်း ဒဂုံစင်နာဘက်အခြမ်းတွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ၎င်းမျက်မြင်တွေ့ရှိသူများက​ပြောသည်။

“အုန်း အုန်းဆိုပြီး အသံနှစ်သံကြားရတယ်ဗျ။ ကျွန်တော်တို့ကားလည်း အဲနားအရောက်၊ လမ်းကလည်း ကြပ်တယ်လေ။ ရောက်ယုံရှိသေးအုန်းတာပဲ”ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားချိန် လမ်းဆုံ(လမ်းလယ်)ဘန်ကာအတွင်းရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းမှာ ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ လှမ်းကြည့်ယုံသာကြည့်နေပြီး ပုံမှန်အနေအထားဖြင့်တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီတပ်သားများ)က ဘန်ကာထဲမှာ။ နှစ်ယောက်တော့မြင်တယ်။ သူတို့က (လမ်း)အလယ်မှာ။ ပေါက်ကွဲတဲ့နေရာနဲ့ လမ်းရဲ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်းသဘောမျိုးပေါ့။ လမ်းတစ်လမ်းစာလောက်ဝေးတယ်”ဟုအ ထက်ပါမျက်မြင်တွေ့ရှိသူက ရှင်းပြသည်။

အထက်ပါပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးလဲကျသွားသည်ကိုတွေ့ရပြီး အခြားဒဏ်ရာရသူရှိ၊မရှိ မသိရကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယ​နေ့ ဝါဆိုလပြည့်နေ့တွင် အများပြည်သူများ ဘုရားသွားခြင်း၊ မိသားစုလိုက်လည်ပတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်အောင် ဗုံးပေါက်ကွဲမှု လုပ်ဆောင်ခြင်းမှာ အကြမ်းဖက် စစ်ကောင်စီဝင်များသာ ဖြစ်နိုင်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

ယ​နေ့ မွန်းလွှဲပိုင်းက တာ​မွေမြို့နယ်တွင်လည်း မြို့ပြ UG အဖွဲ့က စစ်​ကောင်စီယာဥ်အား ​ဖောက်ခွဲတိုက်ခိုက်ရန် ထိုယာဥ်များရပ်​လေ့ရှိ​သော​နေရာတွင်ဗုံး​ထောင်၍တိုက်ခိုက်ရန်စီစဥ်ခဲ့​သော်လည်း ပြည်သူများက​တွေ့ပြီးဗုံးကို ဝိုင်းအုံကြည့်ရှု​နေသဖြင့် ပြည်သူများထိခိုက်မည်စိုးရိမ်၍ ​ဖောက်ခွဲမှုအစီအစဥ်ကို ဖျက်သိမ်းခဲ့​ကြောင်း ​ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။