Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ အစ်မဖြစ်သူနေအိမ်ကို ဗုံးသီးများဖြင့် တိုက်ခိုက်၊ နေအိမ်ရှိကားများ ပျက်စီး

ဗိုလ်မှူးကြီးဟောင်း သန်းမြင့်၏ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်မှာသမီးနှစ်ယောက်ရှိပြီး Good Family Company Limited ကို ပိုင်ဆိုင်ထားသည်။

Federal Liberation Army (HTY-Battlion)
Federal Liberation Army (HTY-Battlion)

ရန်ကုန်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အစ်မဖြစ်သူနေအိမ်ကို ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်ရှိကားများပျက်စီးခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Federal Liberation Army (HTY-Battlion)က အသိ​ပေးထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ အစ်မဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်၏ မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီ(၇)လမ်း၊ ခြံအမှတ် (၉၉) နေအိမ်ကို ဇူလိုင် ၁၁ရက် ညပိုင်းက ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

” လူထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး။ဒါပေမယ့် ကားနှစ်စီးပျက်စီး သွားတယ်ဆိုတာတော့ သတင်းအတိအကျ သိရတယ်”ဟု Federal Liberation Army (HTY-Battlion)တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဒေါ်ဇင်ဇင်လှိုင်၏နေအိမ်ကို ယခုနှစ် ဇွန်လ ၃ရက်ကလည်း ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း မစ်ရှင် မှာအောင်မြင်မှုမရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တိုက်ခိုက်မှုကို ပြန်လည်ပြင်ဆင်ပြီးနောက် ယခုတစ်ကြိမ်တိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

ဗိုလ်မှူးကြီးဟောင်း သန်းမြင့်၏ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်မှာသမီးနှစ်ယောက်ရှိပြီး Good Family Company Limited ကို ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။