Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ အစ်မဖြစ်သူနေအိမ်ကို ဗုံးသီးများဖြင့် တိုက်ခိုက်၊ နေအိမ်ရှိကားများ ပျက်စီး

ဗိုလ်မှူးကြီးဟောင်း သန်းမြင့်၏ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်မှာသမီးနှစ်ယောက်ရှိပြီး Good Family Company Limited ကို ပိုင်ဆိုင်ထားသည်။

Federal Liberation Army (HTY-Battlion)
Federal Liberation Army (HTY-Battlion)

ရန်ကုန်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အစ်မဖြစ်သူနေအိမ်ကို ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်ရှိကားများပျက်စီးခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Federal Liberation Army (HTY-Battlion)က အသိ​ပေးထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ အစ်မဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်၏ မရမ်းကုန်းမြို့နယ်၊ ရွှေနှင်းဆီ(၇)လမ်း၊ ခြံအမှတ် (၉၉) နေအိမ်ကို ဇူလိုင် ၁၁ရက် ညပိုင်းက ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

” လူထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး။ဒါပေမယ့် ကားနှစ်စီးပျက်စီး သွားတယ်ဆိုတာတော့ သတင်းအတိအကျ သိရတယ်”ဟု Federal Liberation Army (HTY-Battlion)တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဒေါ်ဇင်ဇင်လှိုင်၏နေအိမ်ကို ယခုနှစ် ဇွန်လ ၃ရက်ကလည်း ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း မစ်ရှင် မှာအောင်မြင်မှုမရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တိုက်ခိုက်မှုကို ပြန်လည်ပြင်ဆင်ပြီးနောက် ယခုတစ်ကြိမ်တိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

ဗိုလ်မှူးကြီးဟောင်း သန်းမြင့်၏ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်မှာသမီးနှစ်ယောက်ရှိပြီး Good Family Company Limited ကို ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။