Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာ​တော်နယ်တွင် ကင်းပတ်​နေ​သောစစ်အုပ်စု မဟာမိတ်အဖွဲ့များ တိုက်ခိုက်

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများကြီးစိုးရာ အရာတော်မြို့နယ် ငွေတွင်းကျေးရွာအား ဇူလိုင် ၂ရက် နံနက်ပိုင်းကလည်း ဒေသတွင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်း​ကျေးရွာမှ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများအား မိုင်း​ဆွဲတိုက်ခိုက်ရာ ​ခြောက်ဦးခန့်ထိခိုက်ဒဏ်ရာရ သေဆုံးသွားကြောင်း အရာတော်အခြေ စိုက် မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၂ရက်) ညနေ ၄နာရီခန့်က အရာ​တော်မြို့နယ် ငွေတွင်းရွာမှ ဆိုင်ကယ် ရှစ်စီးဖြင့် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ပြည်သူ့ရဲဘော်များ ထောင်ထားသော မိုင်းများကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု တမန်တော်ပြောက်ကျား တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားနှင့်ပျူ ​ခြောက်ဦးခန့် သေဆုံးကြောင်း တမန်တော်ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

အဆိုပါစစ်ဆင်ရေးကို တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE)၊Ayadaw Bone Naing PDFတို့က ဦးဆောင်၍ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊MRTF တပ်ဖွဲ့ စသည့်မဟာမိတ်အဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များ ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများကြီးစိုးရာ အရာတော်မြို့နယ် ငွေတွင်းကျေးရွာအား ဇူလိုင် ၂ရက် နံနက်ပိုင်းကလည်း ဒေသတွင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။