Connect with us

Hi, what are you looking for?

သတင်း

အရာ​တော်နယ်တွင် ကင်းပတ်​နေ​သောစစ်အုပ်စု မဟာမိတ်အဖွဲ့များ တိုက်ခိုက်

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများကြီးစိုးရာ အရာတော်မြို့နယ် ငွေတွင်းကျေးရွာအား ဇူလိုင် ၂ရက် နံနက်ပိုင်းကလည်း ဒေသတွင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်း​ကျေးရွာမှ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများအား မိုင်း​ဆွဲတိုက်ခိုက်ရာ ​ခြောက်ဦးခန့်ထိခိုက်ဒဏ်ရာရ သေဆုံးသွားကြောင်း အရာတော်အခြေ စိုက် မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၂ရက်) ညနေ ၄နာရီခန့်က အရာ​တော်မြို့နယ် ငွေတွင်းရွာမှ ဆိုင်ကယ် ရှစ်စီးဖြင့် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ပြည်သူ့ရဲဘော်များ ထောင်ထားသော မိုင်းများကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု တမန်တော်ပြောက်ကျား တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားနှင့်ပျူ ​ခြောက်ဦးခန့် သေဆုံးကြောင်း တမန်တော်ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

အဆိုပါစစ်ဆင်ရေးကို တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE)၊Ayadaw Bone Naing PDFတို့က ဦးဆောင်၍ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊MRTF တပ်ဖွဲ့ စသည့်မဟာမိတ်အဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-သပြေညို)

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များ ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများကြီးစိုးရာ အရာတော်မြို့နယ် ငွေတွင်းကျေးရွာအား ဇူလိုင် ၂ရက် နံနက်ပိုင်းကလည်း ဒေသတွင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook