Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တွင် KIAနှင့် စစ်ကောင်စီ ​လေးရက်ဆက် တိုက်ပွဲဖြစ်၊ တိုက်ပွဲဆက်ဖြစ်ရန် အလားအလားများဟု KIAပြော

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်မှ သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံအချို့ကပြောသော်လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကမူ မှတ်ချက်ပေးခြင်းမရှိပေ။

ဝိုင်းမော်တွင် KIAနှင့် စစ်ကောင်စီ ​လေးရက်ဆက် တိုက်ပွဲဖြစ်
ဝိုင်းမော်တွင် KIAနှင့် စစ်ကောင်စီ ​လေးရက်ဆက် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA တပ်မဟာ(၅)၊ တပ်ရင်း(၃) နယ်မြေ နန်ဇော်ယန် ဒေသ၌ ဇူလိုင် ၁၀ရက်မှစ၍ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ သည်ဟု ဆိုသည်။

“အဓိကတော့ ကျွန်တော်တို့ KIA တပ်စခန်းချထားတဲ့နေရာဘက်ကို ထိုးဝင်လာလို့ ခုခံတိုက်ပွဲတွေဖြစ်တာပါ။ အခုထက်ထိလည်း တပ်မတော်ဘက်က ပြန်ဆုတ်သွားတဲ့အနေအထားမရှိပါဘူး။ ဆိုတော့ ဒီတိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ ကတော့ ပိုများပါတယ်။ တင်းမာတဲ့အနေ အထားဆက်ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်မှ သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံအချို့ကပြောသော်လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကမူ မှတ်ချက်ပေးခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခလရ(၅၈)တပ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး ဇူလိုင် ၁၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်လာကြောင်း KIA သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook