ရုရှားနှင့် မြန်မာ ပူးတွဲကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက် ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို အရပ်ဘက်အဖွဲ့အစည်း ၄၄၈ဖွဲ့တို့က ယနေ့ တောင်းဆိုလိုက်သည်။
မော်စကို၌ ကျင်းပမည့် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ တောင်ကိုရီးယားနှင့်ဂျပန်တို့ မတက်ရောက်ရန် မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းမှအဖွဲ့အစည်း ၄၄၈ဖွဲ့တို့က အိတ်ဖွင့်ပေး စာပေးပို့ တောင်းဆိုခြင်းဖြစ်သည်။
အထက်ပါအစည်းအဝေးကို မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့က သပိတ်မှောက်ကာ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။
အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

Public Service Announcement


















































