Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို အဖွဲ့အစည်း ၄၄၈ ဖွဲ့တောင်းဆို

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

(၂၀၂၁ တွင် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကျင်းပနေစဉ်)
(၂၀၂၁ တွင် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကျင်းပနေစဉ်)

ရုရှားနှင့် မြန်မာ ပူးတွဲကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို သပိတ်မှောက် ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို အရပ်ဘက်အဖွဲ့အစည်း ၄၄၈ဖွဲ့တို့က ယနေ့ တောင်းဆိုလိုက်သည်။

မော်စကို၌ ကျင်းပမည့် ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ တောင်ကိုရီးယားနှင့်ဂျပန်တို့ မတက်ရောက်ရန် မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းမှအဖွဲ့အစည်း ၄၄၈ဖွဲ့တို့က အိတ်ဖွင့်ပေး စာပေးပို့ တောင်းဆိုခြင်းဖြစ်သည်။

အထက်ပါအစည်းအဝေးကို မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့က သပိတ်မှောက်ကာ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။

အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများနှင့် အတူ ရပ်တည်၍ ထိုအစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။