Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းတွင်ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုရန်သတိ​ပေး

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မချင်း ဤလမ်းပိုင်းအား လုံးဝအသုံးမပြုကြပါရန်လညွးအသိပေးသည်။

(ယာယီပိတ်ထားသည့် မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ယာယီပိတ်ထားသည့် မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအားယာဥ်များ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း Armed Revolutionary Force K.Uက အရေးပေါ်သတိပေးထုတ်ပြန် ကြေညာသည်။

ယနေ့(ဇူလိုင်လ ၁၈ ရက်)နံနက်ပိုင်းမှစတင်ကာခင်ဦးမြို့နယ်၊မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ် လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန် ARF-KU က မေတ္တာရပ်ခံသည်။

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မချင်း ဤလမ်းပိုင်းအား လုံးဝအသုံးမပြုကြပါရန်လညွးအသိပေးသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မတ်-၁၉၊ ၂၀၂၅။ ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး ကားတံခါးဖွင့် ပြေးကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ သစ်၊ ဝါးရောင်းဝယ်ရေး လုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့ နေအိမ်ကို...

သတင်း

ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

သတင်း

သိမ်းဆည်းရရှိသော ဘီယာများကို မြို့နယ် ပအဖ၊ ပကဖက အများပြည်သူရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။