Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး စစ်ကောင်စီတပ်ထံ ထွက်ပြေး

CJ

မတ်-၁၉၊ ၂၀၂၅။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး ကားတံခါးဖွင့် ပြေးကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ သစ်၊ ဝါးရောင်းဝယ်ရေး လုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့ နေအိမ်ကို လူ ၇ဦးက လာရောက်ဓားပြတိုက်ခဲ့ပြီး အိမ်ရှင် လင်မယားနှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်နေ့မှာ ဓားပြတိုက်တဲ့အဖွဲ့ထဲက တရားခံ ၄ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ရက်မှာ ထပ်တိုး၂ဦးကို သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖြစ်စဉ်က အရုပ်ဆိုးလွန်းပါတယ်ဗျာ။ PDFစိုးမိုးနေရာမှာဖြစ်တာလေ။ အမှုက မပေါ်လို့ကိုမဖြစ်ဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီဓားပြတိုက်သူ‌တွေထဲက နောက်ဆုံးကျန်တဲ့ အမျိုးသားကို ဒီနေ့ ခင်ဦးမြို့ ပေါ်မှာပဲ တော်လှန်ရေးတပ်တွေက ဖမ်းဆီးခေါ်လာစဉ်မှာ မြို့ထဲက ဆေးရုံကြီးရှေ့အရောက်မှာ ကားတံခါးကိုဖွင့်ပြီး‌ ဆေးရုံမှာတပ်စွဲထားတဲ့ စစ်အုပ်စုထံ ဆင်းပြေးသွားတာလို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ နေ့လည်လောက်ကပဲ ဖမ်းတဲ့အဖွဲ့ထဲပါတဲ့ ရဲဘော်ကဖုန်းဆက်ပြောတာ။ ဘယ်လိုဖြစ်လဲကို မပြောတက်ပါဘူး”လို့ နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ဘယ်တော်လှန်ရေးတပ်ဖွဲ့က တရားခံဖမ်းဆီးအရေးယူတာတွေ ပြုလုပ်နေလဲဆိုတာကိုတော့ သတင်းဖြေခဲ့တဲ့ နှစ်ဖွဲ့လုံးက မပြောခဲ့ကြပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။