Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် ခေတ်အဆက်ဆက် ဖက်ဒရယ် ဒီမိုကရေစီအရေး အတွက်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုကြောင်း PDF ဂန့်ဂေါတောင်ပိုင်း ထုတ်ပြန်

ယနေ့(ဇူလိုင် ၁၉ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြု​ခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂန့်ဂေါတောင်ပိုင်းက ပြုလုပ်ခဲ့​​သည်။

(PDF ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(PDF ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် ခေတ်အဆက်ဆက် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြု ပါကြောင်း PDF ဂန့်ဂေါ တောင်ပိုင်းက ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၉ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြု​ခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂန့်ဂေါတောင်ပိုင်းက ပြုလုပ်ခဲ့​​သည်။

(PDF ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(PDF ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

” မသမာသူလူတစ်စုကြောင့် ကျဆုံးခဲ့ရသောလွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ခေတ်အဆက်ဆက်ဖက်ဒရယ် ဒီမိုကရေစီအရေး အတွက်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ၊ အကြမ်းဖက်စစ်အာဏာရှင်စနစ် ဆိုးကြီး ကို တော်လှန်ရင်းအသက်ပေးတိုက်ပွဲဝင်သွားကြသောအာဇာနည်သူရဲကောင်းများအားလုံးအား ကျနော်တို့PDF ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့မှ ဦးညွှတ်အလေးပြု အပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မပြီးပြတ်သေးသော တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဟု ကတိကဝတ်ပြုပါသည်ဟူ၍လည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ