Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ခလရ ၂၇၄ မှစစ်သားတစ်ဦးCDM ပြုလုပ်

ဇူလိုင်၁၀ရက်ကလည်းချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှတပ်သား ဇင်လင်းအောင်သည် CDF-Mindat ထံ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

(CDM ပြုလြပ်လာ​သောတပ်မ​တော်သားကို ကျပ်သိန်း၈၀ ချီးမြှင့်၍ လွတ်​မြောက်နယ်​မြေသို့ပို့​ပေးခဲ့သည်။ ဓါတ်ပုံ-​ကျောက်ထုPDF(YRPA))
(CDM ပြုလြပ်လာ​သောတပ်မ​တော်သားကို ကျပ်သိန်း၈၀ ချီးမြှင့်၍ လွတ်​မြောက်နယ်​မြေသို့ပို့​ပေးခဲ့သည်။ ဓါတ်ပုံ-​ကျောက်ထုPDF(YRPA))

●လက်နက်တစ်လက်နှင့်ကျည်ဆံများယူ​ဆောင်လာ၍ကျပ်သိန်း၈၀ ချီးမြှင့်ပြီးလွတ်​မြောက်နယ်​မြေသို့ပို့​ပေး

မင်းတပ်မြို့ ခလရ -၂၇၄ တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်နှင့် အတူ CDM ပြုလုပ်လာကြောင်း ​ကျောက်ထုPDF က ယနေ့(ဇူလိုင် ၂၀ ရက်)တွင် ထုတ်ပြန်သည်။

ကိုယ်ပိုင်နံပါတ် ( တ/ ၅၇၁၅၇၄ )တပ်သားဟိန်းမင်းနိုင် သည် MA-1 တစ်လက်၊ ကျည် ပေါက် ၅ခု ၊ကျည်ဆံ၂၇၀ တောင့် နှင့်အတူ ဇူလိုင် ၁၈ ရက်က ကျောက်ထုPDF နှင့်ချိတ်ဆက်လာခဲ့ခြင်းဟု ​ဖော်ပြထားသည်။

(CDM ပြုလြပ်လာ​သောတပ်မ​တော်သားကို ကျပ်သိန်း၈၀ ချီးမြှင့်၍ လွတ်​မြောက်နယ်​မြေသို့ပို့​ပေးခဲ့သည်။ ဓါတ်ပုံ-​ကျောက်ထုPDF(YRPA))
(CDM ပြုလြပ်လာ​သောတပ်မ​တော်သားကို ကျပ်သိန်း၈၀ ချီးမြှင့်၍ လွတ်​မြောက်နယ်​မြေသို့ပို့​ပေးခဲ့သည်။ ဓါတ်ပုံ-​ကျောက်ထုPDF(YRPA))

CDM ပြုလုပ်လာ​သောတပ်မ​တော်သားကိုဆုကြေးငွေကျပ်သိန်း( ၈၀ )ချီးမြှင့်ပြီးလွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးလိုက်ကြောင်းကျောက်ထုPDF(YRPA)သတင်းနှင့်ပြန်ကြားရေးက ယနေ့(ဇူလိုင် ၂၀ရက်)သတင်းထုတ်ပြန်သည်။

“ကျွန်မတို့ဆီကို ဆက်သွယ်ပြီး CDM လုပ်လာတာ။လွတ်မြောက်နယ်မြေကို ပို့လိုက်ပါပြီ။ လက်နက်ပါလာတဲ့အတွက်လည်း ဆုကြေးငွေး သိန်း ၈၀ ချီးမြင့်ခဲ့ပါတယ်” ဟုကျောက်ထုPDF(YRPA)သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(CDM ပြုလြပ်လာ​သောတပ်မ​တော်သားကို ကျပ်သိန်း၈၀ ချီးမြှင့်၍ လွတ်​မြောက်နယ်​မြေသို့ပို့​ပေးခဲ့သည်။ ဓါတ်ပုံ-​ကျောက်ထုPDF(YRPA))
(CDM ပြုလြပ်လာ​သောတပ်မ​တော်သားကို ကျပ်သိန်း၈၀ ချီးမြှင့်၍ လွတ်​မြောက်နယ်​မြေသို့ပို့​ပေးခဲ့သည်။ ဓါတ်ပုံ-​ကျောက်ထုPDF(YRPA))

ထပ်မံ၍လည်းပြည်သူနှင့်အတူပူးပေါင်းလိုသူ၊CDM ပြုလုပ်လိုသူ စစ်သား၊ရဲသားများအနေဖြင့်ကျောက်ထုPDF(YRPA)သို့အချိန်မရွေး ဆက်သွယ်ချိတ်ဆက်နိုင်ပါသည်ဟုလည်း ထပ်မံအသိပေး ထားသည်။

ဇူလိုင်၁၀ရက်ကလည်းချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှတပ်သား ဇင်လင်းအောင်သည် CDF-Mindat ထံ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။